Part 42

1.4K 216 1
                                    

42 01

အပိုင်း (၄၂)

ဝေလငါးstreaming ပလတ်ဖောင်း၏ ဌာနချုပ်တွင်...

မန်နေဂျာခေါင်းဆောင်၏ ရုံးခန်းအတွင်းတွင် လျိုကျုံးက မူမူနှင့် ရှောင်းဝေ့တို့၏ တုံ့ပြန်လာသော စာများကို ဖတ်နေသည်။ သူ၏ လည်မျိုအတွင်း ငါးရိုးဆူးထားသလို ခံစားလိုက်ရသည်။ သို့သော်သူက ထိုstreamerနှစ်ယောက် ပြောသော စကားထဲတွင် အမှားရှာမရသဖြင့် လှုပ်၍ မရတော့ချေ။ သူက မျက်မှောင်ကိုသာ ခပ်တင်းတင်းကြုတ်ပြီး စိုးရိမ်တကြီး အနေအထားမျိုးနှင့် အနားတွင်ရှိနေသည့် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်သော ပြတင်းပေါက်ကြီးနားကပ်ကာ ပတ်လျှောက်နေမိသည်။

သူ ရှောင်ပိုင်နှင့် စာချုပ်အတွက် ညှိနှိုင်းခဲ့သည့် အချိန်က အဆင်မပြေ ဖြစ်ခဲ့သော အခြေအနေမျိုးကို ကြုံရသည့်အခါ လျိုကျုံးအနေဖြင့် ဖျော်ဖြေရေးရှိုးပွဲတစ်ခုကို ကြည့်နေရသော ခံစားချက်မျိုးကို ရခဲ့သည်။ ရှောင်ပိုင်က ဒီအတိုင်း အသစ်ကလေး တစ်ယောက်သာ ဖြစ်ပြီး အသစ်များက ရတတ်သည့် မျှတသော ဝေစုများကို ကြိုမြင်နေပြီး အကြံအစည် ကြီးနေခဲ့သည်။ တစ်ရက်တွင် ရှောင်ပိုင်က အခြေအနေကို နားလည်သွားပြီး သူတို့၏ ပလတ်ဖောင်းထံ ပြန်လာကာ လက်မှတ်ထိုးမည်ဟု ယုံကြည်ခဲ့သည်။

ဝေလငါး streaming ပလတ်ဖောင်းက တိုင်းပြည်အတွင်း အကြီးဆုံး ပလတ်ဖောင်းတစ်ခု ဖြစ်သည်။ အကျိုးအမြတ်၏ ၆၀ ရာခိုင်နှုန်းကို ကြည့်ရှုသူထံများမှ ပေးသော လက်ဆောင်များထံမှ ရသည်။ အသစ်လေးတစ်ယောက်အတွက် ထိုအခြေအနေကပင် အလွန်ကောင်းနေလေပြီ။ ရှောင်ပိုင်က သူ၏ချန်နယ်မှ ပိုက်ဆံအများကြီး ရှာထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက စာချုပ်ကို ထာဝရမချုပ်ဘဲ နေနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။

သို့ရာတွင် လျိုကျုံး ဘယ်သောအခါမှ မထင်ထားမိသည်မှာ မူမူနှင့် ရှောင်းဝေ့တို့ဆိုသည့် ထိပ်တန်းအဆင့် streamerနှစ်ယောက်က ရှောင်ပိုင်နှင့် ပျော်ပျော်ရွှင်ရွှင် rankအတူ တင်နေခြင်းဖြစ်သည်။

ရှောင်းဝေ့က followerသန်း၆၀ ကျော်ရှိသည်။ မူမူကမူ ၅၈ သန်း ကျော်ရှိသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now