Part 93

891 142 3
                                    

အပိုင်း (93)

ကျော့ကွင်းဆင်သူက အညစ်အကြေးများကို ရှင်းလင်းဆေးကြောပေးန်ိုင်သော heroဖြစ်သည်။ လူအနည်းစုကသာ ယခုခေတ် professional ဂိမ်းပွဲများတွင် ထို heroကိူ သုံးကြတော့သည်။ အကြောင်းပြချက်ကမူ ကျော့ကွင်းဆင်သူ၏ skillက အတော်လေး ထူးခြားသောကြောင့် ဖြစ်သည်။ သူက မြေအောက်ထဲတွင် အပြားလိုက်လှဲလျက် ပုန်းအောင်းနေနိုင်စွမ်းအား ရှိသည်။ သူ၏ ထောင်ချောက်များအပေါ် နင်းလိုက်မိသူ ရန်သူတိိုင်းက ၂.၅ စက္ကန့်အထိ မလှုပ်နိုင်တော့ချေ။ ဒါက မည်သည့် ထိန်းချုပ်skillတိုင်းအတွက်မဆို အကြာဆုံး ထိန်းထားနိုင်ချိန်ဖြစ်သည်။ သို့ရာတွင် မလှုပ်ရှားနိုင်သည့် ထိုသက်ရောက်မှုကလည်း skillသုံးပြီးနောက် ချက်ချင်းလိုလို သက်ရောက်မှု ပြမည်မဟုတ်ချေ။ ကျော့ကွင်းဆင်သူက ရန်သူလှုပ်ရှားမည့်နေရာကို အတိအကျ ခန့်မှန်းနိုင်ရန် လိုအပ်နေလေသည်။

ပို၍ဆိုးသည်မှာ အသင်းဖော်များက ထိုheroကို ကောင်းကောင်း ပူးပေါင်းကစားနိုင်ရန်ဆိုသည့် ခက်ခဲမှုလိုအပ်ချက်က ရှိနေလေသည်။

ထို့ကြောင့် အသင်းဖော်က ရန်သူaကို သတ်ချင်သည့်အခါ ကျော့ကွင်းဆင်သူက ရန်သူbကို အမိအရ ဖမ်းရန် လိုအပ်သလိုဖြစ်သည်။ ကျော့ကွင်းဆင်သူက အစောပိုင်းဂိမ်းများတွင် damageအများကြီး မထုတ်နိုင်ချေ။ ဂိမ်းနောက်ပိုင်းတွင် သင့်တော်သော ဂီယာနှင့်ပင် သူ၏ damage outputက သိသာထင်ရှားဦးမည်မဟုတ်ချေ။ သူက ထိန်းချုပ်နိုင်သည့် လက်နက်အဖြစ်သာ သုံးနိုင်လေသည်။

ထျန်းဟွမ်က မည်သို့သော လှည့်ကွက်အသစ်များကြောင့် ထို pickကို ရွေးချယ်လိုက်ကြောင်း မည်သူကမှ မသိသေးချေ။

ကြည့်ရှုသူတိုင်းကလည်း သံသယအပြည့်ဖြင့် မျော်လင့်စောင့်ဆိုင်းနေကြသည်။ နှစ်ဖက်လုံးက line upကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။

ထျန်းဟွမ်က ပုံမှန်အတိုင်း နဂါးနက်သူရဲကောင်းဆိုပြီး toplaneကို ရွေးချယ်လိုက်သည်။ သူတို့က ကျော့ကွင်းဆင်သူကို junglerအဖြစ် ရွေးချယ်ပြီး သူတို့၏ middle laneအတွက် ဖျက်ဆီးခြင်းမှော်ဆရာကို ရွေးချယ်လိုက်သည်။ တောက်ပသော နတ်ဘုရားနှင့် စက်ဂွန်းဟန့်စ်မန်းကို အောက်ခြေလမ်းကျဥ်းအတွက် ရွေးချယ်ထားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now