Part 38

1.4K 218 1
                                    

38 01

အပိုင်း (၃၈)

ချီရှို့က အလွန်ကြမ်းကြမ်းတမ်းတမ်း ပစ်မှတ်ထားခံနေရသည်။ နောက်ဆုံးတွင် ဒုတိယမြောက်ဂိမ်းတွင် ဝင်ပါနိုင်မည့် ရှားပါးသော အခွင့်အရေးကို ရခဲ့သော်လည်း အရေးကြီးသော အသင်းတိုက်ပွဲတွင် ရှုံးသွားရသည်။

ဒါက သူက နောက်ထပ်တစ်ဆင့် တက်နိုင်မဲ့ အမှတ်ကို ဘယ်နေရာက သွားရှာရမှာလဲ။ ထျန်းဟွမ်အသင်းမှ ကစားသမားများက ဟန်ချက် ပျက်သွားကြပြီဖြစ်ပြီး 0-3 ကသာ ဆက်တိုက်ရှုံးသွားခဲ့လျှင် ယဲ့ရှောင်းယန်အနေနှင့် ယခုလို ပွဲမျိုးကို ကစားရန် မဖြစ်နိုင်တော့ချေ။ နိုင်ရန်အလားအလာ မရှိသော အသင်းတစ်ခုကိုသာ ဝင်လိုက်မည် ဆိုလျှင် သူတို့က အားသာချက် ရရှိသော အနေအထားမျိုးတွင်ပင် ယခုလို ကောင်းကောင်း မကစားနိုင်သည့်အခါ ယဲ့ရှောင်းယန်အတွက် အဆင်မပြေနိုင်တော့ချေ။ ထို့အပြင် ထိုအသင်း၏ အစစ်အမှန် အခြေအနေကို ဆုံးဖြတ်ရန် အလွယ်ကူဆုံး နည်းလမ်းကလည်း ရနေသည်။

ရှုံးထွက်ပွဲစဉ် ဂိမ်းပွဲများက အကောင်းဆုံး ငါးပွဲ ယှဉ်ပြိုင်ရပြီးတစ်ဖက်က သုံးပွဲ နိုင်သည်နှင့် နိုင်မည်မှာ သေချာသည်။ နှစ်ပွဲဆက်တိုက် ကစားပြီးနောက် အချိန်တစ်ခုကြာ နားချိန်ရသည်။ ထျန်းဟွမ်အသင်းမှ ကစားသမား ငါးယောက်လုံးက မတ်တပ်ထရပ်လိုက်ကြပြီး သူတို့၏ နည်းပြအနားတွင် ဝိုင်းအုံနေကြကာ တိုက်ပွဲမှ အစီအစဉ်များကို ဆွေးနွေးနေသည်။ ပင့်မူအသင်းကလည်း သည်အတိုင်း ထိုင်မနေကြချေ။ သူတို့နည်းပြကလည်း သူတို့ခေါင်းဆောင် ကျောင်းရွှင်းဖင် အနားသို့ လာပြီး နားနားကပ်ကာ ခပ်တိုးတိုး ပြောနေသည်။ သူက ဗျူဟာအချို့ကို အတည်ပြုပေးနေခြင်းလည်း ဖြစ်နိုင်သည်။

အချိန်တချို့ ကြာပြီးနောက် တတိယမြောက် ဂိမ်းပွဲက စတင်သည်။

ယောင်မူက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ပြန်လည်ကာ ကြိုဆိုပါတယ်။ ငါတို့အခု ရှုံးထွက်ပွဲစဉ် Season 9 စင်မြင့်ပေါ်မှာပါ။ ထျန်းဟွမ်နဲ့ ပင့်မူက 0-2 နဲ့ ငါးပွဲထဲမှာ နှစ်ပွဲကို ယှဉ်ပြိုင်ပြီးကြပါပြီ။ ပင့်မူက လက်ရှိမှာ ဦးဆောင်နေပြီး ငါတို့ကို Match အမှတ်ရတဲ့အထိ ယူဆောင်ပေးနေပါတယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now