Part 60

1.3K 183 2
                                    

60 01

အပိုင်း (60)

ယခုက နိုဝင်ဘာဖြစ်သည်။ ယဲ့ရှောင်းယန်က အိပ်ရာနိုးလာပြီး ပြတင်းပေါက်ဘေးမှ ကြည့်လိုက်သောအခါ အပြင်ဘက်တွင်ရှိသည့် သစ်ပင်များပေါ်မှ အရွက်တိုင်းက ဝါနေကြောင်း မြင်လိုက်ရသည်။ ထို့အပြင် အောက်သို့ကျထားသော သစ်ရွက်များက မြေပြင်ကို စာသဖွယ် ခင်းကျင်းထားပြီး ဆောင်းတွင်းကောင်းကင်ကိုပင် အပြာရင့်ရောင်အဖြစ် ပြောင်းထားသည်။

မျက်တောင်တစ်ခတ်အချိန်တွင် ယဲ့ရှောင်းယန်က teamထျန်းဟွမ်၏ အဖွဲ့သားဖြစ်သည်မှာ တစ်လအပြည့် ကြာသွားလေပြီ။

ဒီနေ့က ထျန်းဟွမ်က ပထမဦစဆုံးအကြိမ် အသင်းအနေနဲ့ လေ့ကျင့်ရမဲ့နေ့။

ယဲ့ရှောင်းယန်ကိုယ်တိုင်ကလည်း သူ၏ junglerနှင့်ပူးပေါင်းမှုနှင့် ပတ်သက်ပြီး စိုးရိမ်ရန် မလိုအပ်ချေ။ သို့သော် သူတို့၏ ဟန်ချက်ကို အမီလိုက်နိုင်မည့် topနှင့် bottom lanerများ ရှိမရှိ ကြည့်ရဦးမည်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက 5v5 ကစားတဲ့ဂိမ်း။ 2v2 မဟုတ်ဘူး။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက နောက်ကောက်ကျသွားသည်နှင့် သူတို့က အသင်းတိုက်ပွဲတွင် ရှုံးမည်ဖြစ်သည်။ သူတို့ကသာ ရန်သူကို စားပွဲအောက် ပြောင်းပြန်လှန်ခွင့်ပြုလိုက်မည်ဆိုလျှင် သူတို့က မည်မျှသော အားသာချက်များကို ရရှိထားပြီး ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က အစပိုင်းတွင် အသင်းအတွက် မည်မျှ ရှာပေးထား ရှားပေးထား ရှုံးမည်ဖြစ်သည်။

ထို့ကြောင့် နေ့လယ်တွင် ယဲ့ရှောင်းယန်က နေ့လယ်စာစားပြီးသည်နှင့် လေ့ကျင့်ရေးခန်းသို့ သွားလိုက်သည်။ အခြားသော အသင်းဖော်များကလည်း တစ်ယောက်ပြီးတစ်ယောက် အပြေးရောက်လာကြသည်။ မနေ့ညက လူတိုင်းက မအိပ်ခင်ကတည်းက နည်းပြလင်းက သူတို့ကို ထျန်းဟွမ်၏ gp chatထဲသို့ စာပို့ခဲ့ပြီး ဒီနေ့တွင် လေ့ကျင့်​ရေးခန်းကြီးတွင် လေ့ကျင့်ရမည်ဖြစ်ကြောင်း ပြောထားထားသည်။

မည်သူကမှလည်း လေ့ကျင့်ရေးအတွက် နောက်ကျပြီး မလာရဲကြချေ။ နည်းပြလင်းက ရောက်လာသောအခါ သူက အခန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူတိုင်းရောက်နေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့်သူက ချက်ချင်းလိုလို ခုန်ဝင်လိုက်ပြီးပြောသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWo Geschichten leben. Entdecke jetzt