Part 30

1.7K 245 3
                                    

အပိုင်း (၃၀)

ချီရှို့က လက်မှတ်ထိုးမည့်ကိစ္စအကြောင် ထပ်မပြောတော့ချေ။ ယဲ့ရှောင်းယန်ကလည်း ထိုအကြောင်းအရာကို ရှောင်သည်။ သူတို့နှစ်ယောက်က သည်အတိုင်း စားသောက်ပြီး တစ်ချိန်တည်းတွင်ပင် ဂိမ်းထဲမှ တစ်နေ့တာ အကြောင်း ဆက်လက်ဆွေးနွေးနေလိုက်ကြသည်။ နည်းပြရွှီကမူ ရှုပ်ထွေးသော မျက်နှာထားဖြင့် ဖြစ်နေသည်မှာ အတွေးနက်နေသည့်အလား ထင်ရသည်။ ချင်ရွေ့အတွက်ကမူ... သူက ဘာစကားမှ မပြောရဲချေ။ ဒီအတိုင်း နာနာခံခံသာ ထိုင်ပြီး လေလိုမျိုးသာ ဆက်လက် ပြုမူနေသည်။

သူတို့က စားသောက်ပြီးနောက် ချီရှို့က အရင်ဆုံး မတ်တပ်ထရပ်ကာ ပြောသည်။

"ငါ မင်းတို့ကို ပြန်ပို့ပေးရမလား"

"ဒုက္ခများနေဖို့ မလိုပါဘူး"

ယဲ့ရှောင်းယန်က ပြောသည်။

"ငါ ရှောင်ရွေ့နဲ့အတူ ဘူတာရုံကိုပဲ ပြန်လျှောက်သွားလိုက်မယ်။ ငါတို့အိမ်က ဒီနေရာနဲ့ တော်တော်လေး နီးပါတယ်"

ချီရှို့ကလည်း အတင်း မတိုက်တွန်းခဲ့ချေ။

"ဒီလိုဆိုရင် ဆက်ပြီး အဆက်အသွယ် မပြတ်ရှိရအောင်.. နောက်တစ်ကြိမ်မှ တွေ့ရအောင်"

သူတို့က အချင်းချင်း နှုတ်ဆက်စကား ပြောပြီးနောက် ယဲ့ရှောင်းယန်က ကောင်တာသို့ သွားကာ ဘေလ်ရှင်းသည်။ ထို့နောက် သူ၏တိတိကို ခေါ်ပြီး ဘူတာရုံသို့ ထွက်ခွာသွားလိုက်သည်။

သူတို့နှစ်ယောက်က ထွက်သွားသည်နှင့် နည်းပြရွှီက စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ပြောသည်။

"ရှောင်ပိုင်ရဲ့ Skill က တော်တော်လေးကို ထူးချွန်တယ်။ သူက ဘဝမှာ တစ်ကြိမ်လောက်ပဲ မြင်ရတဲ့ ရှားပါး ပျိုးထောင်သင့်တဲ့ ပါရမီရှင်လိုပဲ။ ဒါပေမဲ့ သူက ပရိုကစားပွဲမှာ ကစားဖို့အတွက် လုံးဝ အသစ်လို ဖြစ်နေသေးတယ်။ မင်း တကယ်ပဲ သူ့ကို စပြီး ကစားခွင့် ပြုမှာ သေချာလား။ နောက်ပြီး သူ့တောင်းဆိုချက်က... သူ့ဒီလို အခြေအနေမျိုးကို ဒုတိယတန်းစား အသင်းတွေလောက်ကပဲ လက်ခံမှာ မဟုတ်လား"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now