Part 8

1.8K 291 13
                                    

အခန်း(၈)

သူ၏ Live Stream အချိန်ဇယား မစခင် တစ်နာရီခွဲအကြာ အချိန်ရသေးသဖြင့် ရှောင်းယန်က ချင်ရွေ့ကို AIနှင့် ယှဉ်ပြိုင်ကစားသည့် ပွဲအနည်းငယ်သို့ ဆွဲခေါ်သွားလိုက်သည်။ ထိုသို့ဖြင့် စိတ်ရှည်သည်းခံစွာဖြင့် Support သို့မဟုတ် အထောက်အပံ့နေရာမှ ကစားသည့်အခါ လိုအပ်သည့် အချက်များ၊ လုပ်ဆောင်ရမည့် တာဝန်များ အကြောင်းအရာများကို ရှင်းပြ တင်ပြပေးသည်။

ချင်ရွေ့က နောက်ဆုံးတွင် သူ၏ဂိမ်းပေါ် နားလည် သဘောပေါက်ထားသော ဗဟုသုတများက မည်မျှ နည်းပါးနေသေးကြောင်း သိလိုက်ရသည်။ သူ၏ကောကောက ဂိမ်း၏ Rhythm ဟန်ချက်စည်းဝါးအကြောင်း ပြောပြလာပြီး တောထဲမှ ဆက်တင်တိုင်း အကြောင်း ရှင်းပြလာသည့်အပြင် အဓိကနှင့် အငယ်တန်း ဘော့စ်များကို တိုက်ခိုက်ရန် လိုအပ်သည့် ကီးပွိုင့်များကို ပြောပြလာမှသာ ချင်ရွေ့အနေဖြင့် သူ ထိုအရာများကို မည်သည့်အခါကမျှ သိမထားကြောင်း နားလည်သွားရသည်။ ထို့ကြောင့် သူ ရွှေအဆင့်မှ မတက်နိုင်သည်မှာ အံ့ဩစရာမရှိတော့ချေ။

ချင်ရွေ့က ကြယ်မြို့တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ၏ IQ တွင် ပြဿနာ မရှိနေခဲ့ချေ။ ရှေ့လျှောက် ယဲ့ရှောင်းယန်က သူ့ကို စိတ်ရှည်စွာ သင်ပြပေးသောအခါ ချင်ရွေ့က ရိုးသားစွာ နားထောင်သည်။ တစ်နာရီခန့် ကြာပြီးနောက် ချင်ရွေ့က ယဲ့ရှောင်းယန်က ပြောပြသည့် နေရာယူသော ကိစ္စများနှင့် အချိန်ကိုက်ချောင်းကာ လှုပ်ရှားရမည့် အကွက်များ အားလုံးအကြောင်း နားလည်သွားသည်။

ယဲ့ရှောင်းယန်က ချင်ရွေ့ကလည်း အချက်အလက်တိုင်းကို နားလည်သွားကြောင်း မြင်သဖြင့် ပြောလိုက်သည်။

"တိုက်ရအောင် အရင်ဆုံး ဒီအဆင့်တက် ဂိမ်းပွဲတွေ ကစားကြည့်ကြစို့။ အရင်ဆုံး မင်းကို စိန်အဆင့်ကို ခေါ်သွားမယ်"

ဆယ်နာရီက ထိုးပြီဖြစ်သည်။ ယဲ့ရှောင်းယန်က သူ၏ Stream အခန်းကို ဖွင့်လိုက်သည်။

သူ၏ Streaming အခန်း၏ နာမည်က National Ranking တက်မည့် အသူရာ အရှင်သခင်၏ Live ဟု ပြောင်းထားသဖြင့် ပလက်ဖောင်းကလည်း သူ၏အခန်းကို အသစ်များကို ထောက်ပံ့ပေးသော ကဏ္ဍနှင့်တွဲကာ တင်ပြထားသဖြင့် လျှင်မြန်စွာဖြင့်ပင် ကြည့်ရှု့သူပေါင်းများစွာက ဝင်ရောက်လာသည်။ ကြည့်ရှု့သူများက လျှင်မြန်စွာဖြင့် များသထက် များလာပြီး တစ်ရာမှ ငါးထောင်အထိ ရောက်သွားသည်။ ထိုထဲမှ အချို့သော ကြည့်ရှု့သူများကမူ ဟီးရိုးအသစ်အကြောင်း သိချင်နေကြခြင်းဖြစ်ပြီး အချို့သော ကြည့်ရှု့သူများကမူ ယဲ့ရှောင်းယန်ကို မနေ့ကတည်းက သိကြပြီး အပျော်လာကြည့်ကြခြင်းဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now