Part 9

1.7K 287 14
                                    

အခန်း(၉)

ချင်ရွေ့က ဒိုင်းမွန်းအဆင့်သို့ တက်သွားပြီးလေပြီ။ ယဲ့ရှောင်းယန်က လက်ရှိအချိန်တွင် ငွေဖြူIV တွင်ဖြစ်သည်။

အဆင့်သတ်မှတ်ချက် ပွဲစဉ်များတွင် Vmp အဆင့် နှင့် စသော ဂိမ်းများမှ စတင်ပြီး မည်သည့်အဖွဲ့ဝင်ကမဆို ဒိုင်းမွန်းအဆင့်သို့ ရောက်နေသည်နှင့် ထိုပွဲက ဒိုင်းမွန်းအဆင့်ပွဲဟု သတ်မှတ်လိုက်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဂိမ်းမှ အစောပိုင်း ပြင်ဆင်သည့် အဆင့်တွင် ဟီးရိုးများကို ရွေးချယ်ရာတွင် ဘန်း၍ ရသလို စိတ်ကြိုက်လုယက် ရွေးချယ်၍လည်း ရလာပြီဖြစ်သည်။

ဟီးရိုးများကို ဘန်းရန် ဘန်းစာရင်းသို့ ပို့ရသည်။ ဆိုလိုသည်မှာ ထိုပွဲတွင် မည်သူကမဆို ထိုဘန်းစာရင်းတွင် ဝင်နေသော ဟီးရိုးကို ရွေးချယ်၍ မရတော့ဘဲ အခြားဟီးရိုးကိုသာ ရွေးချယ်ရတော့ပေမည်။

ဒိုင်းမွန်းအဆင့်အောက်မှ ဂိမ်းတိုင်းတွင် ကစားသမားများက သူတို့၏ ဟီးရိုးများကို လွတ်လပ်စွာ ‌ရွေးချယ်နိုင်သည်။ တူညီသော ဟီးရိုးများကိုလည်း နှစ်ဖက်လုံးတွင် ပေါ်လာသည့် အခြေအနေမျိုးလည်း ရှိသည်။ (TN: Eng Tran က အဲလို ပြောထားတာပါ။ ဒါပေမဲ့ ဖြစ်နိုင်တာက တစ်ဖက်က ယူပြီးရင် ကျန်တဲ့တစ်ဖက်က ယူလို့ မရတော့ပါဘူးနော်)

သို့သော် ဒိုင်းမွန်းအဆင့်ပွဲမှ စတင်၍ နောက်ပိုင်း BLP ပွဲစဉ်များ တောက်လျှောက် ထိုသို့သော စနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။ ရွေးချယ်သော ဖြစ်စဉ်များက အောက်ပါအတိုင်း ဖြစ်သည်။

: အပြာရောင်ဘက်ခြမ်းက ဟီးရိုးတစ်ယောက်ကို ရွေးချယ်လို့ ရတယ်။ အနီရောင်ဘက်ခြမ်းက ဟီးရိုးနှစ်ယောက်ကို‌ ရွေးချယ်နိုင်တယ်။ အပြာရောင်ဘက်ခြမ်းက ဟီးရိုးနှစ်ကောင်ကို ထပ်ရွေးလို့ရတယ်။ နောက် အနီရောင်ဘက်ခြမ်းက ဟီးရိုးနှစ်ယောက်ကို ထပ်ရွေးလို့ရတယ်။ အပြာရောင်က သူတို့ရဲ့ နောက်ဆုံး ဟီးရိုးနှစ်ယောက်ကို ထပ်ရွေးနိုင်တယ်။ အနီရောင်က နောက်ဆုံးပိတ်အနေနဲ့ ကျန်ရစ်တဲ့ အပြာဘက်က ရွေးထားပြီးသား ဟီးရိုးတွေထဲက တစ်ခုကို ပြန်ရွေးလို့ရတယ်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now