Part 84

998 156 1
                                    

အပိုင်း (84)

ထိုညတွင် [စစ်နတ်ဘုရားများ၏ စစ်ပွဲ ကျွမ်းကျင်ပညာရှင်များဆိုင်ရာ အဖွဲ့ချုပ် - တရုတ်နိုင်ငံ၏ တရားဝင်] weibo က ကြေညာချက် ထုတ်ပြန်သည်_

Season 10ရဲ့ သာမန် season ၊ round 1၊ week 1၊ group b..... ထျန်းဟွမ်vs NTG 2-0 အနိုင်။

Season ရဲ့ ပထမဦးဆုံး penta killက ထွက်ပေါ်လာပါပြီ၊ ကျေးဇူးပြုပြီး အောက်က linkကေန ဝင်ကြည့်ကြပါ [highlight video]

ထိုနေ့က ကြာသပတေးနေ့ ဖြစ်သည်။ ဂိမ်းပွဲက group bနှစ်သင်းကြားမှ ဖြစ်သဖြင့် အဖွဲ့ချုပ်၏ ပရိသတ် ၂၀%ခန့်ကသာ ပြဇာတ်ရုံ သို့မဟုတ် onlineပေါ်တွင် ကြည့်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုနှုန်းက ပိတ်ရက်များတွင် ယှဉ်ပြိုင်ကြသော group s၏ ကြည့်ရှုနှုန်းများနှင့် မယှဉ်နိုင်ချေ။

သို့ရာတွင် လူအမ်ားစုက ဂိမ်းအနှစ်ချုပ်များကို ဖတ်ပြီး official proအဖွဲ့ချုပ် အကောင့်ကတင်ပေးသော highlight vd မ်ားကို ပြန်ကြည့်တတ်ကြသည်။ ထို highlightမ်ားက ၂မိနစ္သာ ရှည်လေသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်ကို လူအများက အချိန်ပေးကာ ကြည့်နိုင်ကြသည်။ ထို ၂မိနစ်vdထဲတွင်လည်း killအများဆုံးယူသော အပိုင်းများ ပါဝင်တတ်သည်။ ထို့ကြောင့် လူတော်တော်များများက ထိုအချိန်၂မိနစ်အတွက် ဖြုန်းရန် ဆန္ဒရှိကြသည်။

Official weibo အကောင့်တွင်လည်း follower သန်း၁၅၀ ရှိသည်။ ထို့ကြောင့် highlight vdတင်လိုက်သည်နှင့် ချက်ချင်းလိုလို ကြည့်ရှုသူ သိန်းကျော်သွားသည်။ အလားတူ commentများကလည်း ပြည့်နှက်လာသည်။

[သောက်ကျိုးနည်း ဒါက ထျန်းဟွမ်ရဲ့ အိုမီဂါ midlanerမဟုတ်လား]

[အသူရာအရှင်သခင်နဲ့ penta killယူသွားတယ်၊ ဘယ်လောက်တောင် လန်းလိုက်သလဲ]

[ငါ ယုံတောင်မယုံနိုင်တော့ဘူး၊ group bက ပထမဦးဆုံးပွဲမှာ penta kill ပေါ်လာပြီ၊ ဒီရှောင်အိုမီဂါ ကောကောလေးက penta killကို ယူသွားခဲ့တာတဲ့]

[ငါ ဒီvdကို နှိပ်ကြည့်ပြီးတော့ ထျန်းဟွမ်က ဘယ်လိုရှုံးမလဲဆိုတဲ့ အခြေအနေကို သိချင်နေခဲ့တာ၊ မမျှော်လင့်ထားဘဲ သူတို့က နိုင်သွားတယ်၊ penta killတောင် ယူလိုက်သေးတယ် ဟုတ်လား ]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now