Part 26

1.8K 266 5
                                    

အခန်း (၂၆)

ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က မိနစ်အနည်းငယ် ကြာအောင် ဂိမ်းထဲမှ ဟီးရိုးအသစ်များ အကြောင်း ဆက်ပြောနေဖြစ်ကြသည်။

ယဲ့ရှောင်းယန်က ဟိတ်ဟန်များလေ့ မရှိသည့် ထိုသူဌေးအပေါ် အလွန်ကောင်းမွန်သည့် အမြင်ကောင်းရှိသည်။ ထိုသူဌေးက ယဲ့ရှောင်းယန်ကို လက်ဆောင်အများအပြား ပေးထားသည့်အတွက် သူ့ထက်သာသည် ဆိုသည့် ပုံစံမျိုးဖြင့် ပြုမူပြခြင်းမျိုး မရှိပေ။ ယဉ်ကျေးသော အကွာအဝေးတစ်ခုကိုလည်း ထိန်းထားသေးသည်။ သူက ယဲ့ရှောင်းယန်၏ ပုဂ္ဂိုလ်ရေးရာ ဘဝအကြောင်း သိရန် ကြိုးစားခြင်းမျိုးလည်း မရှိချေ။ ထို့ကြောင့် သူတို့၏ စကားပြောခန်းက ဂိမ်းနှင့် ပတ်သက်သော အကြောင်းအရာကိုသာ အဓိက အာရုံစိုက်ထားသည်။ ယခုလိုမျိုး အွန်လိုင်းမိတ်ဆွေတစ်ယောက်နှင့် ဆုံတွေ့ရသော ခံစားချက်မျိုးက အလွန်သက်တောင့်သက်သာ ရှိသော ခံစားချက်မျိုးကို ပေးစွမ်းသည်။

အချိန်က ချက်ချင်းလိုလို ကုန်ဆုံးလာသည်။ ထိုသို့ဖြင့် ညနေ၂နာရီ ထိုးလာလေပြီ။ စင်မြင့်က မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းများဖြင့် ထိန်လင်းလာပြီး နောက်တွင် စင်မြင့်က ပန်းတွေ ပွင့်လန်းလာသလို လေထဲသို့ မြောက်တက်သွားသည့်နှယ် ဖြစ်လာသည်။

တင်ဆက်သူ လင်းချီ၏ အသံက ကျယ်သထက် ကျယ်လာသလို အားအင်အပြည့် ဖြစ်လာသည်။

"အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ပွဲကြည့်စင်မှာ ထိုင်ပြီး ကြည့်ရှုူသူတွေနဲ့ အိမ်ကနေ စောင့်ပြီး တိုက်ရိုက်ကြည့်ရှုနေသူ အားလုံး မင်္ဂလာညနေခင်းပါ။ စစ်နတ်ဘုရားများရဲ့ ပရိုအဖွဲ့ချုပ် တရားဝင် ကစားပွဲကြီးရဲ့ ၉ကြိမ်မြောက်ရာသီ ရှုံးထွက်ပွဲစဉ်ကို လာကြည့်ကြတဲ့အတွက် ကြိုဆိုပါတယ်"

ယောင်မူက သွက်သွက်လက်လက် ဝင်ပြောသည်။

"ဒီနေ့ ဒီရှုံးထွက်ပွဲစဉ်ရဲ့ ပထမဆုံး ပွဲစဉ်ကို ဦးစီး ကျင်းပမဲ့ ပထမဆုံး အဖွဲ့တွေက Team ကျင်းကျယ်နဲ့ Team ဟော်ဝမ် တို့ပါပဲ။ ကျွန်မတို့ရဲ့ ကစားသမားတွေက စင်ပေါ် တက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ သူတို့ကို နွေးနွေးထွေးထွေး လက်ခုပ်သံနဲ့ ကြိုဆိုလိုက်ကြရအောင် အားလုံးပဲ ဒီနေ့ရဲ့ တိုက်ပွဲစဉ်တွေအတွက် ကြိုဆိုလိုက်ပါတယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now