Part 45

1.4K 224 8
                                    

45 01

အပိုင်း (၄၅)

ထျန်းဟွမ်၏ HQ သို့ ပြန်ပြီးနောက် ချီရှို့က ယဲ့ရှောင်းယန် ရောက်လာမည့် ကိစ္စအတွက် ပြင်ဆင်မှုများကို ချက်ချင်းလိုလို စလုပ်သည်။ ယဲ့ရှောင်းယန်ကလည်း ထျန်းဟွမ်နှင့် လက်မှတ်ထိုးမည်ဖြစ်ကြောင်း အတည်ပြုပြီးသော်လည်း ချီရှို့အနေဖြင့် အမှန်တကယ် လက်မှတ်ထိုးပြီးသည်အထိ စိတ်မအေးနိုင်သေးပေ။ မချက်ရသေးတဲ့ဘဲက လွှတ်ထွက်သွားရင် ဘယ်လိုလုပ်မလဲ။ ချီရှို့အိမ်ပြန်တဲ့ လမ်းမှာတင် တစ်ယောက်ယောက်က လာခိုးသွားရင် ဘယ်လိုလုပ်မလဲ။

သူက ကလပ်သို့ အမြန်ဆုံး ပြန်ပြီး စာချုပ်စာတမ်းများကို အမြန်ဆုံး အဆင်သင့်ဖြစ်အောင် ကြိုးစားသည်။ ချွီကျန်းကလည်း ပြဿနာမပေးချေ။ နည်းပြလင်း၏ ဖြောင့်ဖျနိုင်သည့် စွမ်းရည်ကလည်း ပြောင်မြောက်သည်။

"မင်းက မင်းရဲ့ပိုထူးချွန်တဲ့ စကေးတွေနဲ့ အသင်းကို အထောက်အပံ့နေရာကနေ အသင်းကို ကောင်းကောင်း အားဖြည့်ပေးနိုင်လမ့်မယ်လို့ ယုံကြည်တယ်"

သူက ပြောသည်။

"ချန်းရှင်းက နောက်ရာသီဆိုရင် ပွဲဦးထွက်တော့မယ်။ သူ့ရဲ့ ဒီလို အထိမခံတဲ့ အကျင့်စရိုက်နဲ့ဆိုရင် အတွေ့အကြုံရှိတဲ့ လူဟောင်းတစ်ယောက်က သူ့ကိုသာ စောင့်ကြည့်မနေရင် ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ မင်းက အသင့်တော်ဆုံးပဲ"

ထိုစကားကို ကြားသည့်အခါ ချွီကျန်းက ပျော်ရွှင်စွာဖြင့် ပြောင်းရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် ချီရှို့က သူ့ကို သွားရှာသည့်အခါ ချွီကျန်းက ကောင်းမွန်သည့် စိတ်သဘောထားအတိုင်း တောက်ပစွာ ပြုံးလျက် ပြောသည်။

"ခေါင်းဆောင်ချီ မစိုးရိမ်ပါနဲ့ မင်းကတောင် အသင်းအတွက် ဂျန်ဂဲလာ အထောက်အပံ့ အနေအထားမျိုးနဲ့ ကစားဖို့ ဆန္ဒရှိသေးတာ။ ငါကလည်း အသင်းအတွက် ဒီလို အပြောင်းအလဲ လုပ်နိုင်ရမှာပေါ့။ တကယ်တော့ အလယ်လမ်းကစားသမားအဖြစ် ကစားရတဲ့ ဖိအားက တအားကြီးပါတယ်။ ကိစ္စအများကြီးကိုလည်း ကိုင်တွယ်ဖို့ လိုအပ်နေသေးတယ်။ အထောက်အပံ့ အဖြစ် ကစားတာက ငါ့အတွက် ပိုလွယ်တယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now