Part 99

715 119 1
                                    

အပိုင်း (99)

မတ်လ၂၅ရက်နေ့ညတွင် ယဲ့ရှောင်းယန်က သူ၏ weiboအကောင့်ထဲသို့ ဝင်လိုက်သောအခါ သူ၏ commentများနှင့် dmများတွင် မွေးနေ့ဆုတောင်း တောင်းပေးထားသော စာသောင်းကျော်ကို မြင်လိုက်ရသည်။ သူက accကို sign upလုပ်သောအခါ သူ၏ မွေးနေ့ကို အမှန်အတိုင်း ထည့်ထားသည်။ ထို့ကြောင့် weiboကလည်း သူ၏ မွေးနေ့ကို ပြသထားလေသည်။

တချို့သော ပရိသတ်များက သူ့အတွက် vdများပင် လုပ်ထားပေးသေးသည်။ သူတို့က ယဲ့ရှောင်းယန်၏ group bတွင် ယှဥ်ပြိုင်ခဲ့သော ၅ပွဲလုံးမှ killတိုင်းကို အတူပေါင်းကာ ဖြတ်ညှပ်ကတ် လုပ်ထားသည်။ ထို့​နောက် နောက်ခံ teameမျိုးဖြင့် ထပ်ဖြည့်ထားသေးသည်။ ထို vdများကလည်း midlane မိစ္ဆာဘုရင်ဆိုသော စာကို ခေါင်းစဥ်တပ်ထားသည်။ ထိုထဲတွင် သူက triple killယူထားခြင်းများ၊ penta killယူထားခြင်းများလည်း ပါဝင်သေးလေသည်။ ထိုသို့ အနေအထားမျိုးကြောင့် ကလေးငယ်လေးများကို အနိုင်ကျင့်နေသော မဟာမိစ္ဆာဘုရင်ကြီးအလား ထင်ရလေသည်။

[ပျော်ရွှင်ဖွယ်မွေးနေ့ပါ၊ ငါတို့ရဲ့ မဟာမိစ္ဆာဘုရင်ကြီး လဲ့ယန် ]

[ ဒီနှစ်မှာ ယန်ယန့်ကို အဖွဲ့ချုပ်က တစ်ဆင့် သိလိုက်ရတဲ့အတွက် ငါအရမ်းဝမ်းသာမိတယ်၊ သူက ငါအကြိုက်ဆုံး pro ကစားသမားပဲ^-^ ]

[Happy birthdayပါ ယန်ယန်၊ ငါ ဒီမွေးနေ့ကို မှတ်ထားမယ်၊ ငါတို့တွေ အခုကစပြီး အနာဂတ်မှာ မင်းရဲ့ မွေးနေ့တိုင်းကို တူတူဖြတ်သန်းကြရအောင်၊ ဆက်လက်ပြီး ကြိုးစားပေးပါဦး]

[မင်းက အသစ်တစ်ယောက်အနေနဲ့ အရမ်းကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်၊ မင်းက သမိုင်းတစ်ခု ဖန်တီးနိုင်မယ်လို့ ငါယုံတယ်]

ယဲ့ရှောင်းယန်ကလည်း ထိုအဆုံးမသတ်နိုင်သည့် ပရိသတ်များထံမှ မွေးနေ့ဆုမွန်ကောင်းများကို ကြည့်နေရင်း သူ၏ နှလုံးသားက နွေးထွေးလာမှုကို ခံစားရသည်။ သူက သူ၏ ဖုန်းကိုသုံးပြီး postအသစ် တင်လိုက်သည်...

[အားလုံးရဲ့ မွေးနေ့ဆုတောင်းတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ငါ့ရဲ့ နှစ်တွေတိုင်းမှာ အပျော်ရွှင်ဆုံးအပိုင်းက ထျန်းဟွမ်ကို ဝင်ခဲ့ပြီး professionalကစားသမားတစ်ယောက် ဖြစ်လာခဲ့လို့ ဒီလိုချစ်စရာကောင်းတဲ့ လူတွေကို တွေ့ခွင့်ရတာပါပဲ၊ နောက်နှစ်မှာ ငါက ဆက်လက်ပြီး ကြိုးစားနေဦးမှာပါ၊ ငါက လူတိုင်းမျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံးအပိုင်းကို ပြသပြီး မကောင်းတဲ့အပိုင်းတွေကို မပြသမိဖို့ ကြိုးစားသွားမှာပါ^-^]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now