Part 17

1.8K 284 8
                                    

အခန်း (၁၇)

Team ကျင်းကျယ်၏ HQ (ဌာနချုပ်)

ဖန်သားပြင်တွင် ပေါ်လာသော အောင်နိုင်ဆိုသည့် စကားလုံးကို မြင်လိုက်ရချိန်တွင် ဖန်ကျန်းချင်က မောက်ကို လွှတ်လိုက်ပြီးနောက် သူ၏ ဂိမ်းကုလားထိုင်ပေါ်သို့ မှီချလိုက်သည်။ သူက ထိန်းချုပ်ရန် ခက်ခဲလောက်အောင် သန်းလိုက်သည်။ ပုံမှန်အားဖြင့် သူက နေ့လည် ၂နာရီအထိ အိပ်တတ်လေသည်။ သို့သော် ရုတ်တရက် မနက်၁၀နာရီတွင် ထလာရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်သည့် မသက်မသာဖြစ်သော ခံစားချက်များက ပြည့်နှက်နေသည်။ သူက မောပန်းလွန်းသဖြင့် ကြောင်ကိုပင် မပွတ်ချင်တော့ချေ။ အနားတွင် ရှိသော ရှဲ့ယွမ်က အလွန်တက်ကြွနေသည်။ သူက နည်းပြကို လှမ်းကြည့်ကာ ပြောသည်။

"ချန်းကော ဘယ်လို ထင်လဲ"

နည်းပြချန်း၏ မျက်လုံးအောက်တွင်တော့ အလွန်ကြီးမားသော မျက်ကွင်းညိုကြီးက ရှိနေသည်။ သူကလည်း အလွန်အမင်း အံ့ဩနေဟန်ရသည်။

"ငါ ဒီရှောင်ပိုင်ရဲ့ Streaming အခန်းကို အခုလေးတင် ကြည့်လာတာ သူက ဘာအမိန့်မှ မပေးခဲ့ဘူး။ ဒီရှောင်ရွေ့က သူနဲ့အတူ ဝင်တိုးတဲ့သူ ဖြစ်နေတာတောင်မှ ဘာလို့ လုံးဝကို အသစ်ကလေးနဲ့ တူနေတာလဲ"

လီယွင်မော့က ဌာနချုပ်တွင် အတည်ငြိမ်ဆုံး ခေါင်းအရှင်းဆုံး အထောက်အပံ့ ဖြစ်သည်။ သူက ပွဲကို ပြန်ဖွင့်လိုက်ပြီးနောက်တွင် လျင်မြန်စွာဖြင့် မောက်စ်ကို ထိန်းချုပ်ကာ အစပိုင်း Team အဖွဲ့ တိုက်ပွဲကို ပြန်ကြည့်သည်။ သူက ဖန်သားပြင်ကို ညွှန်ပြီးနောက် ပြောသည်။

"အစောပိုင်းက ငါ ဒီမြစ်နားမှာ စခန်းချနေတဲ့အချိန်က ရှောင်ရွေ့က ငါ့ဘေးနားက ဖြတ်သွားတာ သူက အဲဒီနေရာကို ဘယ်လို ကင်းထောက်ရမလဲ ဆိုတာ တကယ်မသိထားဘူး။ နောက်ပြီး သူ့ရဲ့ Q buff ကလည်း သူတို့ရဲ့ ကိုယ်ဖျောက်ထားတဲ့ တွဲဆက်နေတုန်းပဲ။ ဒီတော့ အဲဒီဂျန်ဂဲလာရဲ့ နေရာကို ငါ သိလိုက်ရတာ"

ရှဲ့ယွမ်က ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။

"ဟား ဟား ဟား.. ငါ ပထမဆုံးအကြိမ် ကောင်းချီးဘုန်းတော်ကြီးက သူ့ရဲ့တိုက်ခိုက်မှု Buff ကို ကိုယ်ဖျောက်ထားတဲ့ ဂျန်ဂဲလာနဲ့ ဆက်နေတာမျိုးကို မြင်ဖူးတာပဲ သူက ငါတို့ကို.. တွေ့လား ငါ့ဂျန်ဂဲလာက ဒီမှာလို့ ပြောနေသလိုပဲ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now