Part 72

1.1K 154 7
                                    

72 01

အပိုင်း (72)

နိုဝင်ဘာ အဆုံးသတ်သွားသောအခါ နတ်ဘုရားများ၏ စစ်ပွဲ မြွေနဂါးဖလားပွဲက တရားဝင် စတင်သည်။

ဒီနှစ်၏ မြွေနဂါးဖလားက ကျင်းပခဲ့သော နှစ်များအတွင်း အခမ်းနားဆုံး ဖြစ်သည်။ ပွဲစဥ်အတွက် အသင်း၂၀၀ ကျော်က စာရင်းသွင်းခဲ့ကြသည်။ ဒီပွဲစဥ်က တစ်ပတ်ထက်မနည်း ကြာမည်ဖြစ်သည်။ ထို့ကြောင့် ပွဲစဥ်၏ အချိန်ဇယားက ကြိုတင်ထွက်ရှိလာသည်။

ထိုပွဲစဥ်က ယုန်မြို့၏ ကြီးမားသော အားကစားပြဇာတ်ရုံကြီးထဲတွင် ကျင်းပမည် ဖြစ်သည်။ ပထမပွဲစဥ်အတွက် ထိပ်တိုက်ရင်ဆိုင်ရန် စီစဥ်ပေးသော အနေအထားက ကျပမ်းမဲနှိုက်ခြင်း ​ဖြစ်သည်။ ရှုံးသွားသောအသင်းက ချက်ချင်း ဖယ်ထုတ်ခံရမည်ဖြစ်သည်။ တစ်ရက်တည်းနှင့် ဝင်ပြိုင်သော အသင်းတစ်ဝက်ခန့်ကို ရှင်းထားပြီးသား ဖြစ်သွားသည်။ ဒုတိယအလှည့်အတွက် ထိပ်တိုက်ရင်ဆိုင်ရန် စီစဥ်ပေးခြင်းကလည်း ကျပမ်းဖြစ်သေးသည်။ ထိုသို့ဖြင့် နောက်ထက် တစ်ဝက်ကို ဖယ်ရှားပြီးသား ဖြစ်သွားပြန်သည်။

ထိုသို့ဖြင့် ၁၆သင်းသာ ကျန်တော့သော အနေအထားမျိုးသို့ ရောက်သွားသည်။ ထိုအချိန်တွင် ပွဲစဥ်က အဖွဲ့လိုက်စင်မြင့် ကျင်းပသော အနေအထားသို့ ရောက်ရှိသွားပြီဖြစ်သည်။ နောက်ဆုံးအသင်း၈သင်းသာ ကျန်တော့သည်အထိ ရှုံးထွက်ပွဲစဥ်က ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ထို့နောက် ၄သင်းသာ ကျန်သည်အထိ တစ်ဖန်ထပ်ပြီး ရင်ဆိုင်ရပြန်သည်။ ထို့နောက် ချန်ပီယံ ပွဲစဥ်ဖြစ်သည်။

ထိပ်ဆုံး၁၆နေရာအတွင်း ဝင်သော အသင်းတိုင်းက ယွမ်၂သိန်းစီ ရရှိမည်ဖြစ်သည်။ ထိပ်ဆုံး ၈ယောက်ကမူ ယွမ်၅သိန်းစီ ရရှိမည်ဖြစ်သည်။ ချန်ပီယံက ယွမ်နှစ်သန်း ရရှိမည်ဖြစ်သည်။

ဆုကြေးက အတော်လေးများသည်။ ဆိုလိုသည်မှာ မြွေနဂါးဖလားတွင် ချန်ပီယံ ရသောအခါ ဆုကြေး ၂သန်းအပေါင်း ၅သိန်း အပေါင်း ၂သိန်းကို ရရှိမည့်အပြင် ၂.၇သန်းဖြစ်သည်။ အနိုင်ရသော အသင်းကမူ မြွေနဂါးအဖွဲ့၏ တရားဝင် ပြောရေးဆိုခွင့် ရှိလာဦးမည် ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWo Geschichten leben. Entdecke jetzt