Part 79

1K 168 0
                                    

အပိုင်း (79)

ဇန်နဝါရီ၁၅တွင် season10 pre season ဂိမ်းပွဲများက တရားဝင် စတင်သည်။

မြို့တော်၏ မြို့ကြီးတွင် topဘက်မှ အသင်းများက ယှဥ်ပြိုင်ရန် ရောက်ရှိနေကြပြီဖြစ်သလို ကြယ်မြို့တွင်လည်း bottom ဘက်မှ အသင်းများက ယှဥ်ပြိုင်ရန် ရောက်ရှိနေကြပြီဖြစ်သည်။ top နှင့် bottom တစ်ဖက်ခြမ်းစီမှ ၉သင်းလုံးက တစ်လှည့်စီယှဥ်ပြိုင်ရမည်ဖြစ်သည်။ pre season ဂိမ်းပွဲများကို တစ်ပတ်အတွင်းအပြီးသတ်ရန် အချိန်ဇယားထုတ်ထားကြောင့် အချိန်ဇယားများက အလွန်ကျပ်နေသည်။ ဂိမ်းပွဲတိုင်းကိုလည်း အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ထျန်းဟွမ်၏ ကျပမ်းမဲနှိုက်ထားသော ပြိုင်ပွဲအချိန်ဇယားကလည်း အသင်း၏ gp chatထဲသို့ ရောက်လာသည်။

၁၅ရက်နေ့တွင် သူတို့က ကျင်းကျယ်နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။ ၁၆ရက်နေ့တွင် သူတို့က ပင်းဟွန်းနှင့် တွေ့ပေလိမ့်မည်။ ၁၇ရက်နေ့တွင်မူ ယွဲ့ယင်နှင့် ဖြစ်သည်။

ရန်ပင်းက gp chatထဲသို့ 😭ပေါင်းများစွာ အတန်းလိုက်ပို့လိုက်ပြီး စာရိုက်ပို့လိုက်သည်..

[ဒါက အိပ်မက်ဆိုးကြီးဆိုတာထက် ပိုလွန်းတယ်]

သူတို့က ခေါင်းဆောင်တွေနဲ့ ၃ပွဲဆက်တိုက် တိုက်ခိုက်ရမှာလား။

ရှဲ့ရှောင်းထျန်း...

[ငါ့ကို ယန်ကောက ဆက်တိုက်အနိုင်ကျင့်တာကို ခံရပြီးတော့ ငါ တော်တော်လေးကို ကျင့်သားရနေပါပြီ]

ရှဲ့ရှောင်းထျန်း...

[ငါတို့ အသတ်ခံရတော့ရော ဘာဖြစ်လဲ၊ ဒီတိုင်း ပြန်ရှင်လာပြီး တိုက်ခိုက်ရုံပေါ့]

ယဲ့ရှောင်းယန်နှင့် ချိီရှို့တို့နှင့်အတူ လေ့ကျင့်သည့်အချိန်အတောအတွင်း ဆက်တိုက် အသတ်ခံခဲ့ရပြီးနောက် team2မှ လူသစ်များအားလုံး၏ စိတ်ဓာတ်အင်အားက အတော်လေး သန်မာလာကြပြီဖြစ်သည်။ သူတို့၏ ဂိမ်းပွဲများတွင် အနိုင်ရနိုင်ချေက ပုံမှန်အားဖြင့် ကောင်းမွန်သော်လည်း အင်အားကြီးအသင်းများနှင့် ရင်ဆိုင်ရသည့်အခါ အခြေအနေ သိပ်မကောင်းနိုင်ချေ။ သို့တိုင်အောင် သူတို့ကမူ ရှေ့ဆက်သွားပြီး အင်တိုက်အားတိုက် တိုက်ခိုက်ဦးမည် ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now