Part 11

1.8K 291 14
                                    

အခန်း (၁၁)

တိုက်ပွဲကြီးက ကြာရှည်လာသည်နှင့် Streaming အခန်းနှစ်ခုလုံးတွင် ကြည့်ရှုနေကြသူတိုင်းက စိုးရိမ်တကြီး အသက်အောင့်ထားမိကြသည်။ ဂိမ်း၏ First kill ယူသွားသော အသူရာအရှင်က လုံးထွေးသတ်ပုတ်နေခြင်းကို ဘေးဖယ်ထားနိုင်လျှင် မည်သည့်အသင်းကမှ အပြာဖက်ခြမ်းမှ တိုက်ပွဲတွေ မနိုင်ခဲ့ဖူးသေးချေ။ သူတို့က Mid Lane 2 V 2 တွင် ရှုံးသွားခဲ့သည်။ အောက်ခြေလမ်းမှ ရလဒ်ကလည်း သွေးမိုးချိုးခဲ့ရပြီး မာ့စ်မန်းနှင့် ဂျန်ဂဲလာက အပယ်ခံခဲ့ရသည်။ အနီအသင်းမှ မာ့စ်မန်းတွင် 3 Kill ရထားသည်။ သူတို့၏ အလယ်လမ်းကစားသမား က 3 kills ယူသွားခဲ့ခြင်း ဖြစ်သည်။

ယဲ့ရှောင်းယန်က အမိန့်ပေးလိုက်သည်။

"အားလုံးပဲ Mics(မိုက်)တွေ ဖွင့်ကြ"

ဂိမ်းတွင် ကိုယ်ပိုင်အသံဖြင့် သုံးကာ chat၍ ရသော function ပါသည်။ ယဲ့ရှောင်းယန်၏ အသင်းဖော်များက chat interface ၏ အပေါ်ပိုင်း ဘယ်ဖက်ထောင့်နားမှ speaker icons လေးကို အစောတလျင် နှိပ်လိုက်ကြပြီးနောက် ကြည်လင်ပြတ်သားသော အမျိုးသားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ခနနေ ခြေသံပြင်းပြင်းနဲ့ မလှုပ်ရှားကြနဲ့.. အားလုံးပဲ လူစုခွဲပြီး မျှော်စင်အနောက်မှာ ပုန်းနေကြ။ ရန်သူဖက်က ဟီးရိုးတွေက အဖွဲ့လိုက်ထိန်းချုပ်လို့ ရတဲ့ စွမ်းအင် အလုံးအရင်း ထုတ်လွှတ်နိုင်တဲ့ skill ကို ထုတ်သုံးလိမ့်မယ်"

အပြာအသင်း၏ မီနီယမ်များက အနီအသင်းမှ ကစားသမားငါးယောက်ကြောင့် လျင်မြန်စွာဖြင့် ရှင်းလင်းခံခဲ့ရသည်။ အနီအသင်း၏ မီနီယမ်များက အပြာအသင်း၏ မျှော်စင်ဘေးဖက်ခြမ်းသို့ ဝင်ရောက်လာသောအခါ tank ကိုင်သော တော်ဝင်သူရဲကောင်းက အဖွဲ့သားများ၏ အရှေ့ဆုံးမှ ချီတက်လာတော့သည်။

ဂိမ်းတစ်ခုလုံးတွင် အတောင့်တင်း အသန်မာဆုံးနှင့် ပြင်းထန်စွာ သတ်ပုတ်နိုင်သည့် tankသမား ဖြစ်နေသည့် အလျောက် တော်ဝင်သူရဲကောင်းက ပွဲထဲမှ အခြားသော Heros တိုင်းထက် HP ပိုများသည်။ နှစ်ဆရှိသည်ဟု ဆို၍ ရသည်။

ထို့ကြောင့် ဒိုင်းနှင့် အရှေ့ဆုံးမှ ချီတက်လာမှုနှင့်အတူ အပြာအသင်းမှ ကစားသမား ၅ယောက်က ပေါင်းကာ သူ့ကို တိုက်ခိုက်နိုင်သည့် တိုင်အောင် သူက မလဲကျနိုင်သော အခွင့်အရေးကို ပေးပြီးသား ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now