Part 43

1.3K 238 8
                                    

43 01

အပိုင်း (၄၃)

နောက်တစ်နေ့ မနက်ခင်းတွင် ယဲ့ရှောင်းယန်က ချီရှို့ထံ စာပို့လိုက်သည်...

[ခေါင်းဆောင်ချီ ၊ ဘယ်အချိန်ရောက်မှာလဲ]

ချီရှို့က ပြန်ဖြေသည်...

[ငါအခုပဲ မြို့တော်ရဲ့ လေဆိပ်ကို ရောက်တာ၊ ငါကြယ်မြို့ကို နေ့လည်တစ်နာရီဝန်းကျင်လောက်ရောက်နိုင်တယ်၊ ငါအရင်ဆုံး အိမ်ကို ပြန်လိုက်မယ်၊ ငါ နေ့လယ်၃နာရီဝန်းကျင်လောက်မှ မင်းကို ကားနဲ့လာခေါ်မယ်၊ မင်းအဆင်ပြေရင် ငါ့ကို လိပ်စာပေးလို့ရမလား]

ယဲ့ရှောင်းယန်က သူ၏အိမ်လိပ်စာကို ချီရှို့ထံ ပို့လိုက်ပြီးနောက် မူကျဲ၊ ရှောင်းဝေ့တို့နှင့်အတူ သွားတိုးသည်။

သူတို့က နေ့လယ်နှစ်နာရီအထိ ဆက်ကစား နေလိုက်ကြသည်။ နှစ်နာရီရောက်မှသာ ယဲ့ရှောင်းယန်က လုပ်စရာကိစ္စ ရှိသည်ဟုဆို​ပြီး အကြောင်းပြကာ ထွက်လိုက်သည်။ ဒီနည်းအားဖြင့် သူက အဝတ်အစားလဲသည်။

သူက ဗီဒိုထဲတွင် တောက်လျှောက် မွှေနှောက်ပြီးမှ အဆင်ပြေလောက်မည့် ထသွားထလာ ဝတ်စုံတစ်စုံကို တွေ့လိုက်ရသည်။ သူက​ ခေါင်းဆောင်ချီ၏ ဆရာကို သွားတွေ့မည် ဖြစ်သောကြောင့် ကပိုကရို ဝတ်ဆင်သွား၍ မရချေ။ ထို့အပြင် အလွန်အမင်း အရေးကြီးသည့် အစည်းအဝေး ပွဲတက်မည့်အရေးလည်း မဟုတ်သဖြင့် suitဝတ်သွား၍လည်း မရချေ။ ရိုးရှင်းသော jeansနှင့် လည်ပင်းအဝိုင်း teeတစ်ထည် ဆိုလျှင် အဆင်ပြေပေလိမ့်မည်။ အဝတ်အစားလဲပြီးနောက် ယဲ့ရှောင်းယန်က မှန်ရှေ့သွားကြည့်လိုက်ကာ ဆံပင်ကို ဖြန့်သည်။

ချင်​ရွေ့က သူ၏ကောကောက အပြင်ထွက်ရန်ပြင်ဆင်နေကြောင်း မြင်သောအခါ အလျှင်စလို အပြေးလာပြီးမေးသည်။

"ကော ဘယ်သွားမလို့လဲ၊ ကျွန်တော်လိုက်ခဲ့ဖို့ လိုလား"

ယဲ့ရှောင်းရန်က ကူကယ်ရာမဲ့သွားသည်။

"ငါက ကလေးမဟုတ်တော့ပါဘူး၊ နေ့တိုင်းငါ့ကို မျက်စိထောက်ထောက် ကြည့်ပြီးတော့ အဖော်ပြုစရာ မလိုပါဘူး"

သူက နောက်ပြန်လှည့်ပြီး သူ၏ တိတိလေးကို ကြည့်သည်။ သူ၏ တိတိလေးက ညအိပ်ဝတ်စုံလေးသာ ဝတ်ထားသေးသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးOù les histoires vivent. Découvrez maintenant