Part 88

932 138 0
                                    

အပိုင်း (88)

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ဆယ်သန်းကျော်သော ကြည့်ရှုသူများကလည်း ဖန်းကျန်းချင်နှင့် ချီရှို့တို့၏ mid/jungle အတွဲ၏ ပူးပေါင်းဆောင်ရွက်မှုအကြောင်းနှင့် matchဖြစ်သော အကြောင်းအရာများကို ဆက်တိုက်ပြောနေကြသည်။ ထိုပွဲတွင် professional ကစားသမား ၆ယောက်ပါပြီး အားလုံးက နာမည်အလွန်ကြီး​လေသည်။ ထို့ကြောင့် လူပေါင်းများစွာကလည်း ထိုကစားသမားများ၏ streamingအခန်းထဲမှတစ်ဆင့် ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းကို ဆက်တိုက်ကြည့်နေကြသည်။

တချို့သောသူများက ကိစ္စတစ်ခုလုံးကိုပင် မှတ်တမ်းတင်ထားခဲ့သေးလေသည်။ မူလကမူ သူတို့က ဒီအတိုင်း ကမ္ဘာ့အဆင့် midlanerနှင့် ကမ္ဘာ့အဆင့် junglerတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ကြိုတွေးမိနေပြီး သူတို့၂ယောက်က မြေပုံအနှံ့လျှောက်သွားကာ အသင်းကို အထောက်အပံ့ပေးမည့် အခြေအနေမျိုးကို သိနေကြပြီဖြစ်သည်။ ထိုနှစ်ယောက်ကလည်း ရန်သူများကို လဲဖြိုကာ ချေမှုန်းလျက် ကြည့်ရှုသူများကို လေ့လာစေရန် ပညာပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် သူတို့က မှတ်တမ်းတင်ပြီးမှသာ သိပ်မကြာခင် သိလိုက်ရသည်- သူတို့ မလုပ်သင့်တဲ့အရာကို သင်ခန်းစာ ရလိုက်သလိုပဲ။

ထို့ကြောင့် recordingယူထားသောသူများက သူတို့၏ ဖန်သားပြင်ကို ကြည့်နေပြီး ဆက်တိုက် ရယ်နေကြသည်။ ထို့နောက် သူတို့ကလည်း မနေနိုင်ဘဲ တည်းဖြတ်လိုက်ကာ ချီရှို့နှင့် ဖန်းကျန်းချင်တို့၏ လုပ်​ဆောင်မှုများ အားလုံးကို ပေါင်းဆုံလိုက်သည်။ ထို့နောက် သူတို့၏ weiboပေါ်တွင် #တစ်ခုနှင့် တင်လိုက်သည်။

#ကမ္ဘာ့အဆင့် mid/jungleရဲ့ ကားမတော်တဆမှု#

ထိုပွဲကို ကြည့်ခဲ့သော အခြားသော ပြည်သူများကလည်း weiboပေါ်သို့ ကြည့်နေရင်း ထို clipကို မြင်လိုက်ကာ likeလုပ်ရင်း မျှဝေလိုက်ကြသည်။

ဂိမ်းပွဲကို မကြည့်ထားသော ပရိသတ်များကမူ ထို highlightများကို ကြည့်ပြီးနောက် ကြောင်တောင်တောင် ဖြစ်သွားကြသည်။

[ငါရယ်ရလွန်းလို့ အန်မိတော့မယ်၊ ခေါင်းဆောင်ချီက ခေါင်းဆောင်ဖန်းရဲ့ အနောက်ကို သွားပုန်းပြီး ultကို ယူစေချင်တယ်၊ ဒါပေမဲ့ ခေါင်းဆောင်ဖန်းကတော့ ဘေးကို ခုန်ထွက်လိုက်တယ် ဟားဟားဟား ]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးOpowieści tętniące życiem. Odkryj je teraz