Part 15

1.8K 290 19
                                    

အခန်း (၁၅)

ချီရှို့က နည်းပြလင်း ထံမှတဆင့် Alt Acc ဝင်လိုက်သည်။ ID က "ဂျန်ဂဲလာ နံပါတ်8" ဖြစ်ပြီး ဘုရင်အဆင့်ကြယ်တစ်ပွင့် ဖြစ်သည်။

အသင်းက သူတို့၏ ဗျူဟာကို အခြားအသင်းများ မသိစေရဘဲ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများတွင် အမျိုးမျိုးသော line up များနှင့် လေ့ကျင့်လေ့ရှိသည်။

ထို့ကြောင့် Alt Acc များစွာရှိသည်။ ဒါက သိပ်မကြာခင်ကမှ အဆင့်တက်ထားသော အကောင့်သစ်ဖြစ်ပြီး fri list က ကျဆင်းနေခဲ့သည်။ ဂျန်ဂဲလာ အမျိုးအစား hero များကိုသာ ဖွင့်ထားသည်။ ထို့ကြောင့် ချီရှို့အတွက် ပြင်ဆင်ထားကြောင်း ကျိန်းသေနေသည်။

ချီရှို့က နည်းပြကို ကျေးဇူးတင်လိုက်ပြီးနောက် သူ၏ computer ကို ပိတ်လိုက်ကာ အဆောင်ခန်းကို ပြန်နေကြသည်။ နည်းပြလင်းက ထို alpha ၏ တံခါးသို့ မျက်နှာမူနေသော ကျောပြင်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။

"မင်းအစောကြီး အိပ်မလို့လား ပုံမှန်အားဖြင့် မင်းမနက် ၂နာရီ ၃နာရီမှ အိပ်တာမဟုတ်လား"

"ကျွန်တော် မနက် ၁၀ နာရီ ထရမယ်" ချီရှို့က ပြောသည်။

"ရှောင်ပိုင်ရဲ့ stream ကို ကြည့်ရမယ်လေ"

လင်းဖုန်းက တိတ်ဆိတ်သွားသည်။

"ညနက်သတ္တဝါ" က ရုတ်တရက် "နေ့သတ္တဝါ"အဖြစ် ပြောင်းလဲသွားသည်။ အရာအားလုံးက ထိုstreamer ကို ကျေးဇူးတင်ရပေမည်။

"ဒါဆိုရင် ငါလည်း အိပ်တော့မယ်။ မနက်စောစော ထရမယ်"

ချီရှို့က "အင်း" ဟု ပြန်ပြောပြီးနောက် မိမိအဆောင်အခန်းအတွင်းသို့ ပြန်လာကာ ရေချိုးသည်။

နွေးထွေးသော ရေက မိမိပေါ် စီးကျလာသည်။ သူ၏ စိတ်ကမူ ယခုလေးတင် ကြည့်ထားသော ဂိမ်းထံ ရောက်သွားသည်။

လူသစ်က မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး သူက မကြောက်လန့်ချေ။ သူက ကျွမ်းကျင်ပြီး အဖွဲ့ချုပ်နှင့် နှစ်ပေါင်းများစွာ ကစားခဲ့ပြီး ဖြစ်သည်။ ချီရှို့အနေဖြင့် သူ၏ အရှေ့တွင် ကမ္ဘာ့ချန်ပီယံတစ်ယောက် ပေါ်လာခဲ့ပြီး သူ၏ စိတ်ထဲတွင် လွန်ဆွဲနေသော ကိစ္စက ထိုဂိမ်းတွင် ရှောင်ပိုင်၏ တွေးတောပုံက ချီရှို့၏ တွေးတော ပုံနှင့် တစ်ထပ်တည်း တူညီနေခြင်း ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now