Part 3

2.2K 279 5
                                    

အပိုင်း (၃)

ယဲ့ရှောင်းယန်က ကွန်ပျူတာကို ဖွင့်လိုက်ပြီးနောက် အင်တာနက် ဘရောက်ဆာတွင် စစ်နတ်ဘုရားများကို အပြေးအလွှား ရှာလိုက်သည်။

သိပ်သည်းစွာ ပေါ်လာသော အချက်အလက် စာမျက်နှာများက သူ့ကို မှင်တက်စေသည်။

ယခုက Esport ခေတ် ဖြစ်သည်။ Gaming က လူပေါင်းများစွာအတွက် ခပ်အေးအေး ကစားနိုင်သော လှုပ်ရှားတက်ကြွမှုူတစ်မျိုး ဖြစ်ပြီး လူငယ်များ၏အချိုး ၆၀ရာခိုင်နှုန်းခန့်ကပင် ဝါသနာအနေဖြင့် ကစားကြသည်။ တရုတ်ပြည်တစ်ခုထဲတွင်ပင် စစ်နတ်ဘုရားများကို တက်ကြွစွာ ကစားနေသော ကစားသမားများ၏ အရေအတွက်က သန်း၂၀၀ ကျော်နေခဲ့ပြီဖြစ်သည်။

ထိုအပြင် ဌာနချုပ်တွင် နယ်မြေ၈ခု ခွဲထားပြီး တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ကျက်ထားသည်။ ထိုနယ်မြေများက မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယား၊ တရုတ်၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့တောင်အာရှ တို့ ဖြစ်သည်။

ဌာနချုပ်မှ အင်အားအကြီးဆုံး နယ်မြေက တရုတ်ဖြစ်ပြီး ရာသီတစ်ခု အဆုံးတိုင်းတွင် ကျင်းပလေ့ ရှိသည့် ရှုံးထွက်ပုံစံ ပွဲစဉ်များတွင် တရုတ်ပြည်က အဓိက၁၈ဖွဲ့ခန့် ပါဝင်လေ့ရှိသည်။ ထို့အပြင် မရေမတွက်နိုင်အောင် များပြားသော အငယ်တန်း အသင်းများ ရှိနေသေးပြီး ထောင်ပေါင်းများစွာသော ကစားသမားများက ပရိုကစားသမားအဖြစ် တရားဝင် စာရင်းသွင်းထားကြသည်။ ထိုသူများထဲတွင် ယခုကာလတွင် အကျော်ကြားဆုံးသော ကစားသမားက ချီရှို့ဖြစ်သည်။ သူက လက်ရှိအချိန်တွင် ထျန်းဟွမ်အသင်းမှ ခေါင်းဆောင်ဖြစ်သည်။ သို့သော် သူက သူ၏နေ့စဉ်ဘဝကို သာမန်ကာလျှံကာ ဆိုရှယ်ပို့စ်များသာ တင်တတ်သည့်တိုင် မျှဝေသူများနှင့် မှတ်ချက်ပေးသော အရေအတွက်က အလွယ်တကူပင် ဂဏာန်း၆လုံးကျော်သည်။ သည်လောကတွင် အကျော်ကြားဆုံးသော Esport ကစားသမားများက စူပါစတားများနည်းတူ ဆက်ဆံခံရသည်။ သူတို့ကို ပြည်သူ့ပုံရိပ်များအဖြစ် အသိအမှတ်ပြုထားကြသည်။ သူတို့ကသာ တိုင်းပြည်ကို ကမ္ဘာအဆင့်ချန်ပီယံဆုဖလားကို ယူလာပေးခဲ့မည် ဆိုလျှင် သူတို့၏ပရိသတ်များက ပို၍ပင် မူးဝေသွားပြီး အောင်မြင်မှုဖြင့် သူတို့ကို ပို၍ လွှမ်းခြုံပေးလောက်လေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now