Part 87

953 157 0
                                    

အပိုင်း (87)

အဆင့်တက်ပွဲစဥ်များက pro ဂိမ်းများ မဟုတ်ချေ။ ထို့ကြောင့် professional ကစားသမားများအနေဖြင့် ကျပန်းဖြတ်လျှောက်များနှင့် အလွန်အမင်း ကြမ်းတမ်းစွာ ကစားရန် မလိုအပ်သေးချေ။ ၂သင်းလုံးကလည်း အချိန်တစ်ခုကြာ တည်ငြိမ်စွာ တိုးတက်လာခဲ့ကြသည်။ ထိုသို့ဖြင့် ၂ဖက်လုံးက junglerများက အဆင့်၆သို့ ရောက်သွားကြပြီး မြေပုံအနှံ့စတင်ကာ လျှောက်သွားကြသည်။

ချီရှို့က မြေပုံ၏ bottom laneကို အမှတ်အသား ပြုထားပြီး သူဟာ ထိုနေရာမှနေကာ အထောက်အပံ့ပေးမည်ဖြစ်ကြောင်း ပြသလိုက်သည်။ ဖန်းကျန်းချင်ကလည်း ချောမွေ့စွာဖြင့် ရန်သူ minionများကို တစ်သုတ်ပြီးတစ်သုတ်ရှင်းနေပြီး သူ၏ နောက်မှ ကပ်လိုက်လာသည်။ ရန်သူ junglerနှင့် midlanerတို့က လျင်မြန်စွာဖြင့် အောက်သို့ ဆင်းချလာသည်။ ထိုသို့ဖြင့် bottom laneတွင် အချိန်မရွေး 4v4ပွဲက ဖြစ်လာနိုင်လေသည်။

ထိုတိုက်ပွဲတွင် တစ်ဖက်စီက pro ကစားသမား၂ယောက်စီနှင့် ကျပန်းကစားသမား ၂ယောက်စီ ရှိထားသည်။

အပေါ်ယံတွင် နှစ်ဖက်လုံးက အနိုင်ရနိုင်ချေ ၅၀%အထိ အခွင့်အရေး ရှိသည်ဟု ယူဆနိုင်သည်။

ချီရှို့က တိုက်ခိုက်ဆိုသော ခလုတ်ကိုနှိပ်ကာ အမိန့်ပေးသည်။

သူ၏ hero တိုက်ခိုက်သူများ၏ ဘုရင်က အဖွဲ့လိုက်ထိန်းချုပ်သည့် skillရှိသည်။ ထို့ကြောင့်သူက အဝေးမှတစ်ဆင့် တိုက်ပွဲထဲသို့ ခုန်ဝင်နိုင်ပြီး ရန်သူheroကို တစ်ချက်တည်းနှင့် မလှုပ်နိုင်အောင်လုပ်ကာ တိုက်ခိုက်မှုကို စတင်နိုင်သည်။

ယေဘူယျကျကျ ပြောရသော် ချီရှို့က ထိုသို့ တိုက်ပွဲထဲသို့ ခုန်ဝင်လိုက်ပြီး ရန်သူmaskmanကို မလှုပ်နိုင်အောင် လုပ်လိုက်ပြီးနောက် ဖန်းကျန်းချင်ကလည်း နောက်မှကပ်လိုက်လာကာ သူ၏ မြွေဟောက်ဘုရင်မှ skill comboတစ်ခုကို ထုတ်သုံးသင့်သည်။ ထို hero၏ မြွေလေးများကလည်း ရန်သူ maskmanကိုဝိုင်းကာ killယူသင့်သည်။

ကြည့်ရှုသူများကလည်း အသီးသီးသော streamခန်းမှ ကြည့်နေရင်းဖန်သားပြင်ကိုသာ စူးရှစွာဖြင့် အာရုံစိုက်ထားကြသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now