Part 33

1.5K 221 6
                                    

33 01

အခန်း (၃၃)

ယဲ့ရှောင်းယန်က ထိုတစ်နေ့လုံး အေးခဲနတ်ဘုရားမကို သုံးကာ အဆင့်တက်ပွဲစဉ်များ ဆက်တိုက် ကစားနေခဲ့သည်။ ဘုရင်အဆင့်တွင် ကြယ်ပွင့်၅၀ ရပြီး ထို့ထက် ရှေ့ဆက် တက်သွားသည်နှင့် ကစားသမားများက တစ်ပွဲအနိုင်ရချိန်တိုင်း သူတို့ရရှိသည့် တိုက်ပွဲဝင်စွမ်းအားက အင်အား ၅၀၀ ကျော်လေသည်။ ရှုံးသွားသည့် ကစားသမားများက သူတို့၏အသင်းမှ MVPပင် ရနိုင်သေးပြီး အနှုတ်ခံရသည့် တိုက်ပွဲဝင်အင်အားက အများဆုံးမှ 50 သာ ဖြစ်တတ်သည်။

ယဲ့ရှောင်းယန်က အေးခဲနတ်ဘုရားမကို သုံးပြီး ၈၀ရာခိုင်နှုန်း အနိုင်ရနိုင်ခြေကို ဆက်တိုက် ထိန်းထားခြင်းအားဖြင့် သူမ၏ တိုက်ပွဲဝင်စွမ်းအားများက အလွန်ချောမွေ့စွာ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် နောက်ထပ် ၂ရက် ဆက်တိုက်လုံးလုံး ယဲ့ရှောင်းယန်က အေးခဲနတ်ဘုရားမကိုသာ သုံးပြီး အဆင့်တက်ပွဲစဉ်များကို ကစားနေခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညသန်းခေါင် အချိန်တွင် သူ၏အေးခဲနတ်ဘုရားမက တိုက်ပွဲဝင်အင်အား တစ်သောင်း ရရှိသွားပြီဖြစ်သည်။ သူ၏ Streaming ခန်းထဲမှ ကြည့်ရှုသူများကမူ လျင်မြန်စွာ တိုးတက်လာသည့် အင်အားအမြန်နှုန်းကြောင့် ကြောက်ရွံ့ရိုသေသွားကြသည်။

ကစားသမားအများစုက စိန်အဆင့်တွင် တစ်နေကြပြီး ထိုထက်မတက်နိုင်ကြချေ။ ကစားသမားအများစုက ထိုအဆင့်တွင်ပင် တိုက်ပွဲဝင်အင်အား ၃၀၀၀ သို့မဟုတ် ထိုထက်အနည်းငယ် ပိုများသော ပမာဏလောက်သာ ရရှိလေ့ ရှိကြသည်။ သူတို့က နိုင်လျှင်နိုင်သည်။ ရှုံးလျှင် ရှုံးသည်။ အခြေအနေက ခန့်မှန်း၍ မရချေ။ သို့သော် သူတို့က နိုင်နိုင်ရှုံးရှုံး သူတို့ရရှိသည့် တိုက်ပွဲဝင်စွမ်းအားက တိုးတက်လာခြင်း မရှိခဲ့ချေ။ ထို့နောက် နေရှင်နယ်အဆင့်ဝင်ရန် မေ့ထားသင့်သည်။ သူတို့က သူတို့၏မြို့မှ #1ပင် မရရှိချေ။ သို့ရာတွင် ရှောင်ပိုင်၏ တိုတောင်းသော နှစ်ရက်တာ ကာလအတွင်း ပွဲစဉ် ၁၀ပွဲကျော်ခန့် ကစားခဲ့ရုံနှင့် တိုက်ပွဲဝင်အင်အား တစ်သောင်းကျော်သွားပြီး အနိုင်ရနိုင်ခြေ ၈၀ရာခိုင်နှုန်းအပြည့် ရရှိထားသေးသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now