Part 31

1.5K 237 1
                                    

31 01

အခန်း (၃၁)

ရှောင်ပိုင်က သူ၏နောက်ခံကို အလွန်လျင်မြန်စွာ ရှာတွေ့သွားသည့်အတွက်လည်း ချီရှို့က အံ့အားသင့်နေခြင်း မရှိချေ။ ထျန်းဟွမ်အသင်းမှ ခေါင်းဆောင်တစ်ယောက် အနေနှင့် သူ၏ဓာတ်ပုံများက အွန်လိုင်းတွင် အပြည့် ရှိနေပြီးသား ဖြစ်သည်။ ထျန်းဟွမ်၏ တရားဝင်ဝေ့ပေါ် စာမျက်နှာတွင်လည်း သူတို့၏ Starting Line up အဖွဲ့လိုက်ပုံကို ထိပ်ဆုံးတွင် ပင်ထောက်ထားသေးသည်။ ရှောင်ပိုင်က ခပ်မြန်မြန် တစ်ချက် ရှာလိုက်ရုံဖြင့် ချက်ချင်း ရှာတွေ့နိုင်လေသည်။

ရှောင်ပိုင်က သူက မည်သူဖြစ်ကြောင်း သိသွားကတည်းက ချီရှို့အနေနှင့် လျှို့ဝှက်ပြနေရန် မလိုအပ်တော့ချေ။

ချီရှို့က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

:[တောင်းပန်ပါတယ်။ ငါလည်း မင်းကို မလိမ်ချင်ခဲ့ဘူး။ ငါ ဒီနေ့ ပြိုင်ပွဲရုံထဲမှာ နည်းပြလို့ ပြောခဲ့တာက မင်းစိတ်အေးအေးနဲ့ လာပြီး ငါနဲ့အတူ ကစားသမားတွေရဲ့ ပြိုင်ပွဲကို လာကြည့်စေချင်လို့ပဲ]

ယဲ့ရှောင်းယန်က ပြန်မေးသည်။

: [ဆိုတော့.. ဆိုလိုတာက ခေါင်းဆောင်ချီ ငါ့ကို ကိုယ့်စိတ်ဆန္ဒနဲ့ လာရှာဖြစ်လို့ နည်းပြတွေတောင် မသိသေးဘူးပေါ့လေ]

ချီရှို့ [အင်း]

ယဲ့ရှောင်းယန်က တစ်ခဏခန့် ကြာသည့်တိုင်အောင် ပြန်မဖြေနိုင်တော့ချေ။

ဒီခေါင်းဆောင်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ အသင်းအများစုရဲ့ ကစားသမားတွေက official game တွေမှာ ကောင်းကောင်း လုပ်နိုင်ဖို့ပဲ ဂရုစိုက်ကြတာ။ သူတို့ အတူ ကစားတဲ့ အသင်းဖော်တွေနဲ့ ပတ်သက်လာရင် အသင်းရဲ့ ရာထူးမြင့်လူတွေနဲ့ မန်နေဂျာတွေကပဲ နောက်ဆုံး ဆုံးဖြတ်ကြတာ မဟုတ်လား။

ထို့ကြောင့် ယဲ့ရှောင်းယန်အနေနှင့် ကြုံရာအပျော်တမ်း ကစားသမားတစ်ယောက်ကို ကိုယ်တိုင် ရှေ့ထွက်ကာ ကမ်းလှမ်းသည့် ခေါင်းဆောင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ယဲ့ရှောင်းယန်ကလည်း အလွန်သိချင်စိတ် ပြင်းပြသွားသည်။ သူက စာပြန်ရိုက်လိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးحيث تعيش القصص. اكتشف الآن