Part 20

1.9K 267 4
                                    

အခန်း (၂၀)

အလယ်လမ်း/ဂျန်ဂဲ Team up ဟာ 5v5 ဂိမ်းများတွင် အခြေခံအကျဆုံး ဗျူဟာများထဲမှ တစ်ခု ဖြစ်ပြန်သည်။

အလယ်လမ်းနေရာက အပေါ်နှင့်အောက် ကြားထဲတွင် ရှိနေကတည်းက အလယ်လမ်းကစားသမားက အခြားလမ်းနှစ်ခုကို အထောက်အပံ့ အလွယ်တကူ အပေးနိုင်ဆုံးသူ ဖြစ်သွားသည်။ ဂျန်ဂဲလာက မြေပုံတစ်ခုလုံးအနှံ့ လှည့်လှည်သွားလာနိုင်သော ကစားသမားတစ်ယောက် ဖြစ်သလို ဂျန်ဂဲလာနှင့် အကောင်းဆုံး အမီလိုက်နိုင်သော တစ်ဦးတည်းသော ကစားသမားကလည်း အလယ်လမ်းကစားသမား ဖြစ်သွားသည်။

ဂျန်ဂဲလာက အပေါ်လမ်းတွင် Gank သွားလုပ်လျှင် အလယ်လမ်းကစားသမားက ချောမွေ့စွာဖြင့် အလျင်အမြန် သွားရောက်ကာ ကူညီပေးနိုင်သေးသည်။ ဂျန်ဂဲလာက အောက်လမ်းသို့ သွားတိုက်ခိုက်လျှင်လည်း အလယ်လမ်းကစားသမားက အောက်သို့ ဒုန်းစိုင်းထိုးဆင်းကာ သွား၍ ကူညီပေးနိုင်သေးပြန်သည်။

ဂျန်ဂဲလာများက အပြင်ဘက်သို့ မြင့်မားသော ဖျက်ဆီးမှုအား ထုတ်လွှတ်နိုင်သည့် ဟီးရိုးများကို ကစားလေ့ ရှိကြသည်။ သို့သော် သူတို့ကသာ အထောက်အပံ့မှ ကာကွယ်ပေးထားသည့် ပစ်မှတ်မျိုးကို ရင်ဆိုင်ရလျှင် သူတို့က သူတို့၏ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် မဆွဲချနိုင်ခဲ့ပါက သူတို့၏တိုက်ကွက်များက အလဟသ ဖြစ်သွားပေလိမ့်မည်။ အဆိုးဆုံး အခြေအနေ ဖြစ်လာလျှင် သူတို့က တစ်ခါတည်းဖြင့် ပြန်လည်အသတ်ခံရနိုင်သေးသည်။

ဂျန်ဂဲလာက အလယ်လမ်းကစားသမားနှင့် ပူးပေါင်းထားလျှင်မူ အလယ်လမ်း/ဂျန်ဂဲ နှစ်ယောက်တွဲက ဟီးရိုးနှစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို ထုတ်သုံးနိုင်စွမ်းအားရှိသွားပြီဖြစ်သည်။ ထိုသို့ဖြင့် ရန်သူအသင်းမှ အားနည်းသော ဟီးရိုးများကို ဆက်တိုက် သတ်နိုင်ပေလိမ့်မည်။

ဒါက အလယ်လမ်း/ဂျန်ဂဲများ၏ ကြောက်လန့်စရာအကောင်းဆုံး အချက်များထဲမှ တစ်ချက် ဖြစ်နေသေးသည်။

သို့ရာတွင် အောင်မြင်သော အလယ်လမ်း/ဂျန်ဂဲအတွဲက အချင်းချင်း ပြင်းထန်သည့် အလိုလိုသိ နားလည်စိတ် ပိုင်ဆိုင်ထားရန် လိုအပ်သည်။ သူတို့ကသာ တူညီသော ရှုထောင့်ကို မကြည့်နိုင်ကြလျှင် ဖြစ်လာမည့် ကိစ္စများကို ကြိုတွေးရလွယ်ကူလေသည်။ အလယ်လမ်းကစားသမားနှင့် ဂျန်ဂဲလာက နှစ်ယောက်ပေါင်းထားလျှင် တစ်ယောက်ပြီးတစ်ယောက်သာ ဆက်တိုက်သေသွားရုံသာ ရှိတော့သည်။ ရလဒ်အနေဖြင့် တစ်သင်းလုံးက အားအင်မဲ့သွားပြီး လမ်းသုံးခုလုံးက ပြိုကျသွားပေလိမ့်မည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now