Part 34

1.5K 235 3
                                    

အခန်း (၃၄)

ရှုံးထွက်ပွဲစဉ်များ မစတင်ခင်က ကစားသမားတိုင်းက သူတို့ ကစားလိုသည့် ဟီးရိုးများကို ကြိုတင်ဖြည့်သွင်းထားခွင့် ရထားသည်။ ထိုနည်းအားဖြင့် အသင်းဖော်များက မိမိနှင့် တစ်ဖွဲ့တည်းကျသော သူများက ထည့်ထားသော ဟီးရိုးများနှင့် ထိုသူများ မကြာခဏ ကစားလေ့ ရှိသော အခြေအနေများကို မြင်နိုင်ခြင်းအားဖြင့် ထိုဟီးရိုးများကို မဘန်းမိအောင် ကာကွယ်နိုင်သလို မရွေးမိအောင်လည်း ထိန်းနိုင်သည်။

သို့ရာတွင် ယဲ့ရှောင်းယန်က သည်ပွဲစဉ်ထဲသို့ အလောတကြီး ဝင်ရောက်ခဲ့ရသည့်အတွက် ထိုsetting အကြောင်းကို မေ့သွားခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူ နေရှင်နယ်လီဒါဘုတ် သွင်းထားသည့် ဟီးရိုးတိုင်းက အဘန်းခံလိုက်ရသည်။

ရှုံးထွက်ပွဲစဉ်က ဆာဗာတစ်ခုလုံးရှိ ကစားသမားတိုင်းကို ကြုံရာတွဲပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကစားသမားတိုင်း၏ နာမည်များကိုလည်း အမည်မသိရသည့်အတွက် ကစားသမားများ၏ Icols များကိုပင် ဂိမ်းမှ Default icon များ ဖြစ်နေသည်။

ရှုံးထွက်ပွဲစဉ်မှ ကစားသမားများက ကစားသမားတစ်၊ ကစားသမားနှစ် ဆို၍သာ မြင်ရမည် ဖြစ်လေရာ သူတို့၏ အသင်းထဲမှ ကစားသမားများ၏ နာမည်များကို မသိနိုင်ချေ။ ထို့နောက် မည်သူက မည်သူ ဖြစ်ကြောင်းလည်း မသိနိုင်ချေ။ မည်သူကမှလည်း Streamer ရှောင်ပိုင်ကို မသိနေချေခဲ့ပေ။ ထို့ကြောင့် မည်သူကမှ သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။

ထိုအချိန်တွင် ရှံးထွက်ပွဲစဉ်က စတင်ကာစ ဖြစ်သည်။ နေရှင်နယ်ဆာဗာတွင် မရေမတွက်နိုင်သည့် ကစားသမားငါးများ ရှိနေလေရာ ယဲ့ရှောင်းယန်၏ ထိုပွဲမှ အတွေ့အကြုံက သည်အတိုင်း သီးသန့် တိုက်ဆိုင်မှုသာ ဖြစ်သည်။ သူ၏ ကံဆိုးမှုလည်း ဖြစ်သည်။ သို့သော် သူက ကျွမ်းကျင်သည့် ဟီးရိုးတိုင်းကို အသင်းဖော်များက ဘန်းသော ကိစ္စများကမူ သူ ယခင်ကလည်း မကြာခဏ အတွေ့အကြုံ ရဖူးနေကျ ဖြစ်သည်။

အသင်းဖော်များက သူ၏ အလယ်လမ်းကစားသမားနေရာကို မခိုးသွားရန်အတွက် ယဲ့ရှောင်းယန်က အလောတကြီး စာရိုက်ပို့လိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now