Part 52

1.4K 226 1
                                    

အပိုင်း (52)

နောက်တစ်နေ့မနက်ခင်းတွင် ယဲ့ရှောင်းယန်က ပုံမှန်အချိန်အတိုင်း နိုးလာသေးသည်။ သူက ကွန်ပျူတာကို ဖွင့်လိုက်ပြီးနောက် သူ၏ heroများကို စတင်ကာ trainသည် ။ မနက်ဆယ်နာရီတွင် ဝေလငါးstreaming ပလတ်ဖောင်းကို အချိန်မီဖွင့်လိုက်သည်။

သူက သူ၏ရှောင်ပိုင်အတွက် ပဲစေ့ပုံစံ ထိုင်ခုံလေးကို အွန်လိုင်းက မှာထားသဖြင့် ပုံစံလေးက ယခင်က သူ၏အိမ်မှ ဆိုဖာပုံစံလေးနှင့် တူနေသည်။ ရလဒ်အနေဖြင့် ကင်မရာကို ဆိုဖာလေးပေါ်တွင် ထိုင်နေသော ရှောင်ပိုင်ပေါ် ချိန်ထားလိုက်သည့်အခါ ကြည့်ရှုသူများကလည်း ယဲ့ရှောင်းယန်က အိမ်ပြောင်းလိုက်မှန်း သတိမထားမိလိုက်ကြချေ။

ထို့ကြောင့် streamingအခန်းထဲမှ ကြည့်ရှူသူအများစုက သူ့ကို စတင်ကာ နှုတ်ဆက်ကြသည်။

[မင်္ဂလာနံနက်ခင်းပါရှောင်ပိုင်၊ မနေ့က ဘယ်နေရာကို သွားတာလဲ]

[မနေ့က တစ်နေ့လုံးနင်streaming မလုပ်လိုက်ဘူး ၊ ငါက ဒီကြောင်လေးကို တစ်ချိန်လုံး လွမ်းနေခဲ့ရတာ]

[တင်ဆက်သူ တစ်ခုခုဖြစ်သွားလို့လား၊ ဘာလို့ရုတ်တရက်ကြီး ပျောက်သွားတာလဲ၊ ဂြိုလ်သားတွေကများ လာဖမ်းသွားလို့လား]

"ငါအခုတလော အလုပ်တော်တော်လေး ရှုပ်နေတာ၊ ဒါကြောင့် streaming လုပ်တဲ့အချိန်ကို ဖျက်ချလိုက်ရတယ်"

ယဲ့ရှောင်းယန်က ရှင်းပြသည်။

"အနာဂတ်မှာ ငါနေ့တိုင်း မနက်၁၀ နာရီကနေ နေ့လယ်အထိပဲ အဆင့်တက်နိုင်တော့မယ်၊ ကျန်တဲ့အချိန်တွေအတွက်ကတော့ တခြားအကြံအစည်တွေရှိနေလို့ပါ၊ စိတ်မကောင်းပါဘူး အားလုံးပဲ"

Esport teamအများစုက နေ့လယ်နှင့်ညပိုင်းတွင်သာ လေ့ကျင့်ကြသည်။ ထို့ကြောင့်ယဲ့ရှောင်းယန်ကလည်း သူ၏ streamingအချိန်ကို တစ်နေ့၂နာရီ အဖြစ်ပြောင်းလိုက်သည်။ သူ၏ ကြည့်ရှုသူတချို့က သူက လုံးဝကို အသစ်ကလေးဘဝကတည်းက စတင်ကာ စောင့်ကြည့်အားပေးလာခြင်းဖြစ်သည့်အလျောက် သူက လူတိုင်းကို သိခွင့်ပေးသင့်သည်ဟု ထင်သည်။ သူတို့က ထိုအကြောင်းရာကို ဆွေးနွေးနေကြသည်။ ယဲ့ရှောင်းယန်က official channelမှ အကြောင်းကြားစာကို "streamingချိန် 10နာရီ- 12နာရီ မနက်တိုင်း" အဖြစ်ပြောင်းလိုက်သည်။ သူက national leader boardသို့ဝင်အောင်လုပ်မည် ဆိုသော စကားလုံးများကို မထည့်ထားချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now