Part 54

1.4K 215 7
                                    

54 01

အပိုင်း (54)

ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က နိုင်ငံတကာsaverတွင် ဘူရင်အဆင့်သို့တက်နိုင်ရန် ၃ရက်လုံးလုံး အချိန်ယူခဲ့ရသည်။ ချီရှို့၏ အကူညီဖြင့် ယဲ့ရှောင်းယန်ကလည်း ဖျက်ဆီးခြင်းမှော်ဆရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်လာသည်။ ကောင်းကင်မှော်ဆရာနှင့် ဝိညာဉ်နှင်းငှက်တို့ အတူပေါင်းပြီး နှစ်ယောက်တွဲ လေကြောင်းcomboကို စမ်းသပ်ကြည့်ရှုပြီးနောက် သူတို့နှစ်ယောက်ကလည်း ထိုပူးပေါင်းမှုက အတော်လေး ချောချောမွေ့မွေ့ကစားနိုင်ကြောင်း ခံစားခဲ့ရသည်။

ထို့နောက် နောက်ထပ်တစ်ဆင့်အနေနှင့် သူတို့က သူတို့၏ လေကြောင်းcomboကို ဆက်လက်ပြီး လေ့ကျင့်နေခဲ့သည်။

လေကြောင်းcomboကို ကစားရသော ပုံစံက အတော်လေး ထူးခြားသည်။ သူတို့နှစ်​​ယောက်ကို ရန်သူများက အပြည့်ဝိုင်းနေကြသောအခါ သူတို့က ချက်ချင်းလိုလို ရိုက်ချကာ killယူ၍ရသည်။ killတစ်ခုယူပြီး တစ်ခေါက်ထောက်ပံ့ပြီးနောက် သူတို့၏ လေကြောင်းskillများကို ထပ်သုံးနိုင်သွားသည်။ သူတို့က killသို့မဟုတ် ထောက်ပံ့မှု ယူပြီးနောက် သူတို့၏ လေကြောင်းskillများကို ထုတ်မသုံးနိုင်လျှင် သူတို့အတွက် ပေါက်ကွဲပြီး လောင်ကျွမ်းခံရချေ အတော်များသည်။

မည်သို့ပင်ဆိုစေ heroနှစ်ခုလုံးက အတော်လေး ဖျော့တော့အားနည်းသည်။ သူတို့က အဖွဲ့လိုက် ထိန်းချုပ်မှုအောက် ရောက်သွားသည်နှင့် သူတို့အနေနှင့် အတူသေသွားသော mid/jungleအတွဲ ဖြစ်သွားပေလိမ့်မည်။ ဒီနည်းအားဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသော ဝမ်းနည်းစရာကောင်းလွန်းသော ပုံစံမျိုးက ပေါ်လာဦးမည်ဖြစ်သည်။ ကစားသမားနှစ်ယောက်က နောက်ထပ် အဆင့်တက်ပြိုင်ပွဲကို ဆက်ဝင်ကြသည်။

သူတို့က လက်ရှိအချိန်တွင် ဘုရင်အဆင့် ကြယ်တစ်ပွင့်သို့ရောက်သွားသည်။ ဘုရင်အဆင့် ဂိမ်းပွဲများက MMRsများအလိုက် match makingများတွင် စတင် စီစဥ်ပြီဆိုကတည်းက သူတို့ကလည်း အင်အားကြီးမားသော ရန်သူများနှင့် ဝင်တိုးနိုင်ချေမြင့်သည်။ သူတို့နှစ်ယောက်လုံးက ထိုအဆင့်သို့ တက်လာသည့်တောက်လျှောက် ပွဲတိုင်းနိုင်လာခဲ့သည့်အတွက် သူတို့၏ MMRsများက အလွန်အမင်း မြင့်နေပြန်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးHikayelerin yaşadığı yer. Şimdi keşfedin