Part 12

1.8K 287 5
                                    

အခန်း (၁၂)

အစ်ကိုငါး၏ Streaming အခန်းထဲတွင် အတန်ငယ် ထူးဆန်းသော လေထုအခြေအနေအဖြစ် ပြောင်းလဲသွားသည်။

လွန်ခဲ့သော တစ်ခဏကတင် သူက ပုံရိပ်ယောင်ပညာရှင်ကို ကိုင်တွယ်ကာ ကစားရင်း အသူရာအရှင်သခင်ကို solo kill သတ်မည်ဟု ကြုံးဝါးထားသေးသည်။ သို့သော် သူက အသူရာအရှင်သခင်ကို ဂိမ်းတစ်ခုလုံး တစ်ကြိမ်တောင်မှ မသတ်နိုင်ခဲ့ချေ။ သူ၏ Kill Death ဇယားကလည်း 8/1/0 ဖြစ်နေသည်။ သူက ရှုံးသွားသော ဂိမ်းမှ MVP ဖြစ်သည်။ သို့သော် သူ၏ပါးများက ပူထူကြိမ်းစပ်နေသလို ခံစားရသည်။ အထူးသဖြင့် ရှောင်ပိုင်က ထိုစကားများကို ချန်ရစ်ထားခဲ့ချိန်တွင် ဖြစ်သည်။

ဒါက မျှော်စင်ကို အခြေခံတဲ့ 5v5 ကစားရတဲ့ဂိမ်း။ တစ်ကိုယ်တော် ရှိုးပြရတဲ့ ပွဲမဟုတ်ဘူး။

ထိုစကားလုံးများက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။ ကောမန့်ကျည်ဆံများ ချန်ရစ်ထားသူ၏ စိတ်အခြေအနေများကလည်း ပြောင်းလဲလာသည်။

[ဒါက တကယ်ကို ငါးယောက်အတူ ပူးပေါင်းပြီး ဆော့ရတဲ့ ဂိမ်းလေ.. မင်းကသာ တစ်ယောက်တည်း ရှိုးပြချင်ပြီး ကိုယ်ပိုင်ခွန်အားနဲ့ အားလုံးကို လွှမ်းမိုးချင်တယ် ဆိုရင် မင်းက တကယ် အဲဒီလိုလုပ်ဖို့ လုံလောက်တဲ့ အင်အားရှိမရှိဘဲ စဉ်းစားရမှာ lol..]

[Kill ယူတဲ့ အကြောင်းကို စဉ်းစားကြည့်မယ် ဆိုရင် သူ့အသင်းဖော်တွေ သေတာ ရှင်တာကို ဂရုမစိုက်ထားတဲ့ပုံပဲ။ အစ်ကိုငါးက အမြဲတမ်း ဒီလိုပဲ]

[အခု မျက်နှာကို ဖြတ်ရိုက်ခံရသလို ခံစားရတယ် မဟုတ်လား ဟမ်.. ပွဲအစကတည်းက စကားကြီးစကားကျယ် ပြောခဲ့တာ မင်းပဲ မဟုတ်ဘူးလား]

[ငါတို့ရဲ့ Hostက Kill ယူပြီး အလုပ်များနေတဲ့အချိန်မှာ မီနီယမ်တွေကို လျစ်လျူရှုထားခဲ့တာက အမှန်ပဲ]

[ဒါက မျှော်စင်ဂိမ်းလေ သတိလက်လွှတ် လိုက်သတ်နေရတဲ့ ဂိမ်းမဟုတ်ဘူး။ ဘယ်လို အရူး Host က အလယ်လမ်းမှာ အပိတ်ခံထားရပြီး သူတို့ရဲ့ အပေါ်လမ်း ဖျက်ဆီးခံရတာကိုတောင် မသိရတာလဲ]

အစ်ကိုငါး၏ Streaming အခန်းက အလွန်ကျော်ကြားသည်။ သို့သော် ယခုအခြေအနေက သူ့ကို မုန်းတီးသူများအတွက် ကောင်းကင်မှ အသားတုံးကြီး ပြုတ်ကျလာသလို ဖြစ်သွားသည်။ သူက ရန်ဘက်၏ ထိုသို့အလဲထိုးခံရကြောင်း မြင်သောအခါ ရန်သူများက ချက်ချင်းလိုလို ပျော်ရွှင်သွားကြသည်။ သူတို့က အနီးအနားရှိ ရှောင်ပိုင်၏ အခန်းသို့ပင် သွားပြီး အခြေအနေများကို စစ်ဆေးကြည့်ခဲ့သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now