Part 73

1K 181 8
                                    

73 01

အပိုင်း (73)

Teamယောင်ကွမ်းက season9၏ ရှုံးထွက်ပွဲစဥ်ထဲသို့ ဝင်နိုင်ခဲ့သည်။ သူတို့ကလည်း အနိုင်ရသည့်ဘက်ခြမ်းမှ ဖြစ်ခဲ့သည်။ သို့ရာတွင် ယဲ့ရှောင်းယန်က ထျန်းဟွမ်သို့ စတင်ဝင်လာခါစအချိန်တွင် ယောင်ကွမ်း၏ ရှုံးထွက်ပွဲစဥ်ဂိမ်းများက စတင်နေချိန်ဖြစ်သဖြင့် သူကလည်း ထိုပွဲစဥ်ကို စောင့်မကြည့်ခဲ့ရချေ။

ချီရှို့က အလျင်လက်ဦးမှုယူပြီး ရှင်းပြပေးလာသည်။

ယောင်ကွမ်းက season8မှာမှ စပြီး တည်ထောင်ထားတဲ့ ကလပ်လေ၊ သူတို့က အရမ်းကိုချမ်းသာတဲ့ ရင်းနှီးမြုပ်နှံသူတွေ ရှိထားတယ်၊ ဒီတော့ သူတို့ရဲ့ starting line upအဖြစ် အင်အားကြီးတဲ့ ကစားသမားတွေကို ငွေအရင်းအနှီးအများကြီး စိုက်ထုတ်ပြီး စာချုပ်ချုပ်လက်မှတ်ထိုးလေ့ ရှိကြတယ်၊ သူတို့က season8တောက်လျှောက် တက်လာခဲ့ပြီး ပြည်တွင်းချန်ပီယံရှစ်ပ်မှာ ဒုတိယနေရာ ကို ယူနိုင်ခဲ့တယ်၊ ဒီနှစ် season9မှာ သူတို့က no4နေရာကို အရယူနိုင်ခဲ့တယ်၊ သူတို့ရဲ့ မှတ်တမ်းတွေကလည်း တော်တော်လေး ကောင်းတယ်

ယဲ့ရှောင်းယန်က သူ့ကို သံသယအပြည့်ဖြင့် ကြည့်သည်။

ဒါဆိုရင် ရှဲ့ဝေ့ယွီက ရုတ်တရက် အလဲအလှယ်နေရာကို ပေါ်လာတယ်ဆိုတော့ သူ့ရဲ့စာချုပ်က ပြည့်သွားလို့လား

ငါလည်း ဒါကိုပဲ ခန့်မှန်းနိိုင်တာ

ချီရှို့က ပြောသည်။

ပုံမှန်အားဖြင့် သူကယောင်ကွမ်းနဲ့ စာချုပ်ထပ်ချဲ့ မညှိနှိုင်းနိုင်လို့ ဖြစ်လောက်တယ်

စာချုပ်ညှိနှိုင်းမှုများအားလုံး အဆင်မပြေတော့သောအခါ ကစားသမားအနေဖြင့် အဆက်အသွယ်ဖြတ်ပြီး တခြားအသင်းသို့ ပြေးချင်သည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။ ရှဲ့ဝေ့ယွီက ထူးချွန်ပြောင်မြောက်သော maskmanတစ်ယောက် ဖြစ်သဖြင့် သူက မည်သည့်အသင်းသို့ ဝင်ဝင် သူ၏ အသင်းအသစ်ကို သူက အင်အားအကြီးကြီး မြှင့်တင်ပေးနိုင်ဦးမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်ကမူ အသင်းအများစုက သူ့ကို လက်မှတ်ထိုးရန် အခွင့်အရေးရရှိရန်အတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးTahanan ng mga kuwento. Tumuklas ngayon