Part 91

847 142 4
                                    

အပိုင်း (91)

နောက်တစ်နေ့ မနက်ခင်းတွင် ယဲ့ရှောင်းယန်နှင့် အသင်းဖော်များက လေဆိပ်သို့ အတူထွက်ခွာသွားကြသည်။

သူတို့အသင်း၏ စီမံခန့်ခွဲသူက လေဆိပ်သို့ ပို့ပေးရန် ဗင့်ကားကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဗင့်ကားပေါ်သို့ တက်သည့်အချိန်တွင် ယဲ့ရှောင်းယန်က ပုံမှန်အတိုင်း ချီရှို့ကို ပြုံးပြသည်။ သူက အလျင်လက်ဦးမှုယူပြီး ခေါင်းဆောင်ချီ၏ အနားတွင် ထိုင်၏။ ချန်းရှင်းကမူ ယဲ့ရှောင်းယန်၏ ဘေးတစ်ဖက်ခုံတွင် ဝင်ထိုင်သည်။ သူတို့ကြားတွင် လျှောက်လမ်းသာ ခြားနေသည်။

ချန်းရှင်း၏ မျက်လုံးအောက်များတွင် မျက်ကွင်းများက ညိုနေသည်။ သူက ယဲ့ရှောင်းယန်ကို ခိုးကြည့်သည်။ ရှင်းလင်းစွာဖြင့် သူက တစ်စုံတစ်ရာကို ပြောချင်နေသည်။ ယဲ့ရှောင်းယန်က သူက ခိုးကြည့်နေမှုကိုလည်း သတိထားမိလိုက်သည်။ ထို့ကြောင့် မနေနိုင်ဘဲ ပြောလိုက်သည်။

"ရှောင်ရှင်း မင်း ပြောချင်တာရှိရင် ပြောလိုက်ပါ၊ မထိန်းထားနဲ့"

ချန်းရှင်းက သတိအပြည့်ကပ်ပြီး မေးလိုက်သည်။

"ယန်ကော ယန်ကောမနေ့ညက ဘာက trendingဝင်သွားလဲဆိုတာကို တွေ့လိုက်လား"

ယဲ့ရှောင်းယန်က ပြန်ပြောသည်။

"season10ရဲ့mvpဖြစ်လာတဲ့အတွက် လေးစားရတဲ့ လဲ့ယန်ကို ဂုဏ်ယူပါတယ်ဆိုတဲ့ ကိစ္စလား"

လူတိုင်းက တိတ်ဆိတ်သွားသည်။

သူသိနေတဲ့ပုံပဲ။

အလေ့အကျင့်အရ ချန်းရှင်းက မနေ့ညက မနက်၃နာရီအထိ နေခဲ့သည်။ အိပ်ရာမဝင်ခင် သူက weiboသို့ တစ်ချက်ကြည့်လိုက်သောအခါ သူ၏ ယန်ကောက trendingဝင်သည့် စာရင်းထိပ်သို့ တက်နေကြောင်း မြင်လိုက်ရသည်။ ချန်းရှင်းကိုယ်တိုင်ကလည်း သူ၏ ဒေါသများကို မမြိုသိပ်နိုင်တော့ချေ။ သူကိုယ်တိုင် art accထဲသို့ ဝင်လိုက်ပြီး အချိန်တစ်ခုကြာအောင် ထို antifanများနှင့် ငြင်းခုန်နေခဲ့သည်။ ထို့နောက် သူမသိလိုက်မသိခင် မနက် ၅နာရီထိုးသွားလေသည်။

သူက ထိုသို့အကြာကြီး အချိန်ဖြုန်းလိုက်မိသဖြင့် မအိပ်နိုင်တော့ဘဲ မျက်နှာသွားသစ်ပြီးနောက် မနက်စာသာ လုစားလိုက်ရသည်။ ထို့နောက် အလျင်စလို ပြေးလာပြီးနောက် လူတိုင်းနှင့်အတူ ကားလိုက်စီးခြင်းဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now