Part 46

1.4K 235 8
                                    

46 01

အပိုင်း (46)

ယဲ့ရှောင်းယန်က ထိုနည်းပြကို တုံ့ပြန်ရန် အခွင့်အရေးမရသေးခင် အခြားသော ခေါင်းဆောင်များကလည်း သူ့အားစာပြန်ပို့လာကြသည်။

ငါက ကြွားတဲ့နေရာမှာ မတော်ဘူး..

[Hello ရှောင်ပိုင် ၊ ငါက ထျန်းဟွမ်ရဲ့နျဲ့ချန်းနေရာမှာ ကစားတဲ့ ကစားသမားပါ၊ ဟားဟားဟား ထျန်းဟွမ်ကနေ ကြိုဆိုပါတယ်ကွာ၊ ငါမင်းအတွက် အဆောင်ကို ရှင်းပြီးသွားပြီ၊ ခေါင်းဆောင်ချီကလည်း မင်းကကြောင်ခေါ်လာမယ်လို့ ပြောထားတယ်၊ ကြိုဆိုပါတယ် ကြိုဆိုပါတယ်]

ငါက အားပေါင်ပေါင်း မဟုတ်ဘူး..

[👋🏻 ရှောင်ပိုင် ငါက ထျန်းဟွမ်ရဲ့ အထောက်အပံ့အားနင်လေ၊ ဒါက မင်းရဲ့ အိပ်ဆောင်အခန်းရဲ့ပုံ၊ ငါ မင်းအတွက် သန့်ရှင်းရေး လုပ်ထားပေးပြီးသွားပြီ၊ မင်းဘာမှ စိုးရိမ်စရာမရှိဘူး၊ ခေါင်းဆောင်ချီက အရမ်းကိုကောင်းတဲ့ လူကောင်းတစ်ယောက်၊ မင်းမေးစရာတစ်ခုခုရှိရင် သူ့ကို အချိန်မရွေး မေးလိုက်လို့ရတယ်]

ယဲ့ရှောင်းယန်ကမူ ဆွံ့အသွားသည်။

ထျန်းဟွမ်မှ အသင်းဖော်ဟောင်းများက သူ့ကို ထိုမျှ နွေးထွေးစွာ ကြိုဆိုမည်ဟုပင် မမျှော်လင့်ထားဖူးချေ။ နျဲ့ချန်းနှင့် စုန့်ယွီနင်တို့က အနားယူသွားပြီးသား ဖြစ်သည်။ သို့သော် သူတို့က ထျန်းဟွမ်၏ ကစားသမား line up ကို ဆက်လက်ပြီး စောင့်ကြည့်နေကြသေးသည်။ ထိုအချက်ကတင် သူတို့က အသင်းအတွက် ခံစားချက်နက်ရှိုင်းကြောင်း ဖော်ပြနိုင်ပေသည်။ ဖြစ်နိုင်သည်မှာ သူတို့အတွက် ထျန်းဟွမ်မှာ အသင်းတစ်ခု မဟုတ်နိုင်ချေ။ မိသားစု ဖြစ်နိုင်သည်။ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်ထားခဲ့ရသော အိမ်လည်း ဖြစ်လောက်သည်။

ယဲ့ရှောင်းယန်က သူတို့၏ စာများကို ချောမွေ့စွာပင် ပြန်ဖြေသည်..

[ကျေးဇူးတင်ပါတယ် နျဲ့ကော]

[ကျေးဇူးတင်ပါတယ် နင်ကော]

[ငါ အသင်းကို ဝင်ပြီးရင် မင်းတို့ရဲ့ မပြည့်သေးတဲ့ အိပ်မက်တွေကို ဆက်လက်ထမ်းဆောင်ပြီး ဖြည့်စည်းပေးနိုင်အောင် ကြိုးစားပါ့မယ် ^_^]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now