Part 23

1.8K 268 5
                                    

အခန်း (၂၃)

သတင်းထောက်ကျောင်း [သောက်ကျိုးနည်း ရှောင်ပိုင်က ဘာလို့ ပုံရိပ်ယောင်ပညာရှင် ပြောင်းပြီး ကစားတာလဲ။ ငါ သူ့ရဲ့ အသူရာအရှင်သခင်ကိုတောင် ကောင်းကောင်း လုံလောက်အောင် မကြည့်ရသေးဘူးလေ]

သတင်းထောက်ကျောင်း [သူက နေရှင်နယ်အဆင့်တစ် ပုံရိပ်ယောင်ပညာရှင်ဘွဲ့ကို အစ်ကိုငါးဆီကနေ ခိုးပြီး သူ့ကို ရိုက်ချချင်နေတာများလား]

သတင်းထောက်ကျောင်း [ငါ အဲဒါကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး ဟား ဟား ဟား]

သတင်းထောက်ကျောင်းက စာတစ်ကြောင်းကို ပြန်ဖျက်သွားသည်။

သတင်းထောက်ကျောင်း [... စိတ်မရှိပါနဲ့ ငါ ချက်မှားသွားတာ]

ကျိုးကျိုး [ရှောင်ကျောင်းရေ ဘာလို့ အစောကြီး ထနေတာလဲ]

သတင်းထောက်ကျောင်း [အဟမ်း ခေါင်းဆောင်ကျိုး မင်းလည်း မဟာအစောကြီး ထလွန်းနေတာ မဟုတ်လား]

ကျိုးကျိုး [Team ကျင်းကျယ်ရဲ့ ခေါင်းဆောင် #[ငါကအရမ်းကိုလေးထောင့်ကျတယ်] က အခုနောက်ပိုင်း မနက်အစောကြီးထပြီး Rank တက်နေတယ် ကြားတယ်။ ငါတို့ရဲ့ နည်းပြကလည်း ခေါင်းဆောင်ဖန်ရဲ့ ဉာဏ်ပညာရှိမှု တက်ကြွအားထုတ်မှုကို သင်ယူဖို့ အတင်းတွန်းအားပေးနေတာနဲ့ပဲ ငါတို့လည်း အစောကြီး ထပြီး လေ့ကျင့်နေရတော့တာပဲ။ အနည်းငယ် ပြုံးနေတဲ့ အီမိုဂျီ]

ထိုအနည်းငယ် ပြုံးနေသော အီမိုဂျီကို မည်သို့ပင် ကြည့်ကြည့် မကျေမနပ် လှောင်နေသည်နှင့် တူသည်။

ငါကအရမ်းလေးထောင့်ကျတယ် [ကျိုးကျိုး မင်္ဂလာနံနက်ခင်းပါ]

ကျိုးကျိုး [မင်္ဂလာပါ ခေါင်းဆောင်ဖန်]

ပြတင်း၏ အပြင်ဖက်တွင် နေမင်းက တောက်ပစွာ အလင်းဖြာထုတ်နေသည်။ ထိုလူများက မနက်ခင်းနေမင်းကို မမြင်ရသည်မှာ အရမ်း အရမ်း ကြာလှချေပြီ။

ပရိုကစားသမား အားလုံးက ပုံမှန်အားဖြင့် ညနေကစပြီး ညအမှောင်အထိ လမ်းလျှောက်ပြီး ဆက်တိုက် ကြိုးစားတဲ့သူတွေပါ။ ဘာလို့ မနက်ခင်းနေထိန်တဲ့အချိန်နဲ့အညီ စပြီး စတင်ကြိုးစားနေတာလဲ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now