Part 71

1.1K 165 9
                                    

အပိုင်း (၇၁)

ထိုအချိန် ထျန်ဟွမ်၏ အခြေစိုက်စခန်းတွင်-

နည်းပြလင်းက အကြိုဂိမ်းအခြေအနေများကို တစ်ချက် သွားကြည့်ပြီးနောက် ချန်းရှင်း၏ ပခုံးကို ပုတ်ကာ ပြောသည်။

"ဒါက ဒီအတိုင်း လေ့ကျင့်တဲ့ ပွဲစဉ်ပဲ ဆိုပေမဲ့လည်း ငါတို့ နိုင်သွားတယ်။ နောက်ပြီး ရှောင်ရှင်းရဲ့ Damage outputက ထင်သလောက် မလှတာကို မြင်နိုင်တယ်"

ချန်းရှင်းက အခြေအနေကို ကြည့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်သည်။

ပထမတစ်ပွဲတွင် သူ၏ Damge ဝေမျှနှုန်းထားက (၂၀)ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။ ချီရှို့နှင့် ယဲ့ရှောင်းယန်တို့က (၅၀)ရာခိုင်နှုန်းအထက်တွင် ရှိသည်။ ချင်းယီကျူးက (၁၀)ရာခိုင်နှုန်းအထက်တွင် ရှိသည်။ သို့သော် ဒါကလည်း လူအိုကြီးချင်းအတွက် နားလည်လွယ်သည်။ သူက တိုက်ပွဲစတင်မှုတွင် အဓိကထားသော Top-Lane ဟီးရိုးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ထိုဟီးရိုး၏ ကိုယ်ပိုင် Damage Output က ထင်သလောက် ကြောက်မက်ဖွယ် ကောင်းခြင်း မရှိချေ။ သို့ရာတွင် ချန်းရှင်းကဲ့သို့ မာ့စ်မန်းတစ်ယောက်က ဂိမ်းပွဲတွင် Damage (၂၀) ရာခိုင်နှုန်းရသော ကိစ္စကမူ ... တရားဝင်ဂိမ်းပွဲတွင်သာ ဆိုလျှင် လိုအပ်သည်နှင့် အလှမ်းကွာဝေးလွန်းလေသည်။

ဒုတိယဂိမ်းပွဲမှ သူ၏စွမ်းဆောင်ရည်က ပို၍ပင် ဆိုးဝါးသေးသည်။ သူက ခြောက်ကြိမ်အသတ်ခံခဲ့ရပြီး သူ၏ နောက်ဆုံးဖိုင်နယ် Damgae ဝေမျှမှုနှုန်းက (၁၅) ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ထိုStats ကို ကြည့်ရုံဖြင့်ပင် သည်းမခံနိုင်အောင် ခံစားရစေသည်။ သူက စတင်ကစားကာစ ကြေးနီအဆင့် မက်စ်မန်းတစ်ယောက်အလား ထင်ရသည်။ နည်းပြလင်းက ရယ်သည်။

"မနက်ဖြန် လေ့ကျင့်တဲ့အချိန် ပိုထည့်ရအောင် ခေါင်းဆောင်ချီနဲ့ ရှောင်းယန်က ဒုတိယအသင်းက ကလေးတွေနဲ့အတူ 1v1 လေ့ကျင့်ပေးကြပေါ့ ဟုတ်တယ် မဟုတ်လား။ ရှောင်ရှင်း မင်းက အပိုလေ့ကျင့်ချိန်ထဲ ဝင်ပါရမယ်။ မင်းနဲ့ ချွီကျန်းက နှစ်ယောက်ပေါင်းပြီး ချီရှို့နဲ့ ရှောင်းယန်တို့နဲ့အတူ 2v2ချ၊ အောက်လမ်းကို Grank လုပ်ဖို့ အဓိကအားစိုက်ထားတဲ့ Mid\Jungle အတွဲကိုပဲ သုံးရအောင်၊ ဒီလိုဆိုရင် မင်းတို့တွေ ဒီနှုန်းထားအတိုင်း လေ့ကျင့်လို့ ရတယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now