Part 103

580 114 1
                                    

အပိုင်း (103)

ပထမဂိမ်းပွဲတွင် ရှုံးပြီးနောက် ရှဲ့ဝေ့ယွီ၏ စိတ်အခြေအနေက မကောင်းတော့ချေ။ သူက အလျင်လက်ဦးမှုယူကာ ပြောလာ၏။

"ငါတောင်းပန်ပါတယ်၊ ဒါက ငါ့ရဲ့ အမှား..."

ရွှီကျိုးက ဖြတ်ပြောသည်။

"မင်းကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုဘူး၊ ဘယ်သူကမှလည်း မင်းကို အပြစ်တင်မနေဘူး၊ ချီရှို့နဲ့ ယဲ့ရှောင်းယန်တို့က ကောင်းကောင်းပုန်းပြီး ချုံခိုတိုက်ခိုက်ခဲ့ကြတာ၊ ဘယ် maskmanကမှလည်း အလကားနေရင်း အသတ်ခံချင်မှာမဟုတ်ဘူး"

ရွှီကျိုးက ထိုသို့ ပြောလိုက်နိုင်သည်။ အမှန်တရားကမူ ထိုသို့ အရေးကြီးသော တိုက်ပွဲတွင် ရှဲ့ဝေ့ယွီက အသင်းတစ်ဖွဲ့လုံးရှိသော ဝင်္ကပါထဲမှ ကွဲထွက်ကျန်နေရစ်သောကြောင့် ဖြစ်သည်။ သူက ချီရှို့နှင့် ယဲ့ရှောင်းယန်တို့ကို သူ့အားဝိုင်းပြီးသတ်ရန် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။ နည်းပြက ချောမွေ့စွာဖြင့် အသံလုံခန်းထဲဝင်လာကာ လူတိုင်းကို နှစ်သိမ့်ပေးသည်။

"ရပါတယ် နောက်တစ်ပွဲအတွက် ပြင်ဆင်ကြရအောင်"

ရွှီကျိုးကလည်း မျက်မှောင်အသာကြုတ်နေသည်။ သူက နည်းပြကိုကြည့်ကာ ပြောသည်။

"ကြည့်ရတာ အလယ်လမ်းကျဥ်းကို ဖိနှိပ်ဖို့ ကြိုးစားတာက အလုပ်မဖြစ်ဘူး၊ ငါတို့က ယဲ့ရှောင်းယန်ကို သတ်ဖို့ ကြိုးစားချိန်တိုင်း ငါတို့က တန်ကြေးကြီးကြီးကို ပေးဆပ်ဖို့ လိုအပ်နေတယ်၊ ထျန်းဟွမ်က အလယ်လမ်းကျဥ်းကို သေတဲ့အထိ ကာကွယ်ကြမှာ"

နည်စပြကလည်း သိမ်းငှက်မျက်လုံးကို ရှုထောင့်မှတစ်ဆင့် ဂိမ်းပွဲကို ကြည့်ရှုခဲ့ပြီးလေပြီ။ ထို့ကြောင့်သူက ​အခြားသောသူများ မြင်နိုင်သည်ထက်ပင် ပို၍ရှင်းရှင်းလင်းလင်း မြင်နိုင်နေသေးသည်။ ယွဲ့ယင်၏အဖွဲ့က အလယ်လမ်းကျဥ်းသို့သွားကာ တိုက်ခိုက်သည့် အချိန်တိုင်းလိုလို ချီရှို့က အမြဲတစေ အချိန်မီရောက်လာကာ ခုခံပေးတတ်သည်။ ထို့ကြောင့် 5v5 တိုက်ပွဲက ဖြစ်ပွားလျှင်ပင် ယွဲ့ယင်က အသာစီးမရခဲ့ပေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now