Part 76

949 150 3
                                    

76 01

အပိုင်း (76)

ဇန်နဝါရီ ၆ရက်နေ့တွင် ကျွမ်းကျင်ပညာရှင်များဆိုင်ရာ အဖွဲ့ချုပ်က တစ်ပတ် နားသွားသည်။

ချီရှို့ကလည်း လက်မှတ်များကို ကြိုတင်ဖြတ်ထားပြီးသား ဖြစ်သည်။ သူနှင့် ယဲ့ရှောင်းယန်တို့က ကြယ်မြို့သို့ အတူပြန်ကြမည် ဖြစ်သည်။

ချင်ယွဲ့က ယဲ့ရှောင်းယန်ကို လေဆိပ်သို့ လာကြိုသည်။ သူသည်လည်း ယဲ့ရှောင်းယန်၏ အနားတွင်ရပ်နေသည့် အရပ်ရှည်ရှည်နှင့် အယ်ဖာကို မြင်သောအခါ အနည်းငယ် သံသယ ဝင်သွားသည်။ သူသည် သူ၏ ရှောင်တိတိကို မျက်လုံး​ဖြင့် "ဒါက ဘယ်သူလဲ"ဟု မေးမြန်းလိုက်သည်။

ယဲ့ရှောင်းယန်က အရင် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါတို့အသင်းရဲ့ ခေါင်းဆောင်လေ၊ ချီရှို့တဲ့၊ နောက်ပြီးဒါကတော့ ငါ့ရဲ့ဝမ်းကွဲ ချင်ယွဲ့ပါ"

ချီရှို့သည် တစ်ဖက်သူထံ ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟယ်လို"

ချင်ယွဲ့ကလည်း ပြုံးပြသည်။

"ဟယ်လို ခေါင်းဆောင်ချီ၊ လိုက်ပို့ပေးရဦးမလား"

"မလိုတော့ပါဘူး ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး ရှောင်းယန်နဲ့ ရှောင်ပိုင်ကိုပဲ အိမ်လိုက်ပို့ပေးလိုက်ပါ၊ ငါ့ကိုလည်း လာခေါ်မဲ့သူ ရှိတယ်"

ချီရှို့က ယဲ့ရှောင်းယန်ကို ပြန်ကြည့်သည်။ သူ၏ မျက်လုံးက နွေးထွေးသွားပြီး ညင်သာသွားသည်။

" အိမ်မှာ ကောင်းကောင်းအနားယူလိုက်ဦး၊ နောက် seasonကျမှ တွေ့ကြမယ်"

"အင်း"

ယဲ့ရှောင်းယန်က ခေါင်းညိတ်သည်။

"ခေါင်းဆောင်ချီ၊ ပျော်ရွှင်စရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေနော်၊ နောက်မှ တွေ့ကြမယ်"

သူတို့နှစ်ယောက်က ထိုသို့ဖြင့် လေဆိပ်တွင် လမ်းခွဲလိုက်ကြသည်။

ချင်ယွဲ့က ယဲ့ရှောင်းယန်နှင့် ရှောင်ပိုင်ကို အိမ်ပြန်ခေါ်သွားသည်။ ကားသည် free wayလမ်းမထဲသို့ ရောက်သွားသည်နှင့် သူက မနေနိုင်ဘဲ မေးလိုက်မိသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now