Part 64

1.1K 167 1
                                    

64 01

အပိုင်း (64)

မြို့တော်၏ မြို့ထဲရှိ eport ပြဇာတ်ရုံခန်းမကြီးက ကြယ်မြို့မှ ခန်းမထက် ပို၍ပင်ကြီးသေးသည်။ မည်သို့ပင်ဆိုစေ ထိုနေရာက မြို့တော်ဖြစ်လေသည်။ မြို့တော်မှ ပြဇာတ်ရုံကြီးက အခြားသော esportကွင်းကြီးများထက်ပင် ပို၍လေးစားဖွယ်ကောင်းလောက်အောင် ခမ်းနားနေသေးသည်။ နှစ်တိုင်းလိုလို ကျွမ်းကျင်ပညာရှင်လုံးဆိုင်ရာ အဖွဲ့ချုပ်၏ ဖိုင်နယ်တိုင်းကို ထိုနေရာတွင် ကျင်းပလေ့ရှိသည်။ မည်သို့ပင်ဆိုစေ ထိုနေရာက တိုင်းပြည်၏ အကြီးမားဆုံးသော espotပြဇာတ်ရုံကြီး ဖြစ်လေသည်။

ထျန်းဟွမ်က ခန်းမသို့ ၅နာရီတွင် ရောက်သွားသည်။ ထို့နောက် ပြဇာတ်ရုံထဲသို့ဝင်ရန် အသင့်စောင့်နေသော လူအုပ်ကြီးကို မြင်လိုက်ရသည်။

မြို့တော်၏ နိုဝင်ဘာက ဆောင်းဦးရာသီနှောင်းပိုင်းဖြစ်နေသည်။ ထို့ကြောင့် အပူချိန်က အတော်လေး ကျနေပြီဖြစ်သည်။ လာရောက်ကြည့်ရှုသူအများစုက ခပ်ထူထူဂျာကင်များကို ဝတ်လာကြသည်။ သို့သော် သူတို့၏ အင်အားကမူ တက်ကြွမှုအပြည့်ရှိနေသည်။ သူတို့၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် တက်ကြွနေတော့သည်။ ဒီညတွင် team ICE-ပင်းဟွန်းနှင့် teamကျင်းကျယ်တို့က အဆုံးဖြတ်ပွဲစဥ်ကို ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ယဲ့ရှောင်းယန်က ကားပြတင်းမှတစ်ဆင့် အပြင်ဘက်သို့ကြည့်လိုက်သောအခါ နှစ်သင်းလုံးကို ထောက်ခံအားပေးသည့် အလံများကိုင်ထားသော ပရိသတ်ပေါင်းများစွာကို မြင်လိုက်ရသည်။

လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် လှမ်းအော်သည်။

"teamထျန်းဟွမ်ရဲ့ကားက ဒီကိုရောက်လာတယ်"

ထိုသို့ဖြင့် လူတစ်သုတ်က လှမ်းကြည့်ကြပြီး သူတို့၏ ကားလမ်းကို ပိတ်သည်။ အပြင်မှတစ်ဆင့် စိတ်ဝင်စားစွာ အော်နေကြသည်။

"ခေါင်းဆောင်ချီ ခေါင်းဆောင်ချီ"

"ခေါင်းဆောင်ချီ ခေါင်းဆောင်ချီ ခေါင်းဆောင်ချီကို ချစ်တယ်"

ထိုသို့ဖြင့် ကားက လမ်းလယ်တွင် ရပ်လိုက်ရသည်။ ချီရှို့က ကားပြတင်းပေါက်မှ မှန်ကိုချပြီး ပရိသတ်များကို လက်အမူအယာပြသည်။ ပရိသတ်တိုင်းက ချက်ချင်းလိုလို စူးရှစွာ အော်ကြသည်။ ထို့နောက် မိန်းကလေးတစ်ယောက်၏ စူးရှသောအော်သံက ထင်းထွက်လာသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now