Part 4

2K 268 2
                                    

အပိုင်း (၄)

ယဲ့ရှောင်းယန်က ညစာအတွက် အပြင်က မှာစားလိုက်သည်။ ထို့နောက် စားနေရင်း ကြယ်မြို့တော် တက္ကသိုလ်အချက်အလက်များကို အွန်လိုင်းမှာ ဖတ်ကြည့်နေလိုက်သည်။ ထိုတက္ကသိုလ်က တရုတ်ပြည်၏ ထိပ်တန်းကျောင်း ၁၀ကျောင်းထဲမှ တစ်ကျောင်း ဖြစ်ပြီး ချင်ရွေ့က ထိုကျောင်းသို့ ဝင်နိုင်လေရာ ထိပ်တန်းကျောင်းသား ဖြစ်လောက်သည်။

ယဲ့ရှောင်းယန်က စားပြီး သိပ်မကြာခင် တံခါးဘဲလ်က မြည်လာသည်။ သူက ထကာ တံခါးဝမှ ကြည့်လိုက်သောအခါ ချင်ယွဲ့က ခရီးဆောင်အိတ် ဆိုဒ်ကြီးကို ကိုင်၍ ရပ်နေကြောင်း မြင်လိုက်ရသည်။ သူ၏ဘေးတွင် ရပ်နေသော လူငယ်လေးကမူ ၁.၇ မီတာခန့် မြင့်သည်။ ထိုကလေး၏မျက်နှာတွင် ကလေးတစ်ယောက်၏ အဆီပိုများတောင် ရှိနေသေးသည်။ သို့သော် သူ၏ခန္ဓာကိုယ်ကမူ ပိန်ပါးသည်။ သူက အဖြူရောင်အင်္ကျီလက်တို Tee တစ်ထည်ကို ဝတ်ထားပြီး ဂျင်းပဲန်နှင့်တွဲဝတ်ထားသည်။ သူ၏ခေါင်းတွင် ဆံပင်အနက်များ ရှိသည်။ သို့သော် သူ၏ပုံပန်းသွင်ပြင်ကို ခြုံငုံ ကြည့်လိုက်မည် ဆိုလျှင် ချိုမြိန်ကာ ချစ်စရာကောင်းပြီး လိမ်မာနာခံမည့် ပုံစံလေး ဖြစ်သည်။ ယဲ့ရှောင်းယန်၏ အကြည့်ကို လက်ခံရသောအခါ ထိုကောင်ငယ်လေးက တောက်ပစွာ ပြုံးလျက် ပြောလာသည်။

"ယန်ကော ကျွန်တော် ယန်ကောကိုပဲ အနှောင့်အယှက် ပေးရတော့မယ်။ ကျွန်တော်တို့ရဲ့ ကျောင်းက ဒီနေရာနဲ့ နှစ်မှတ်တိုင်ပဲ ဝေးတာ။ ဒါကြောင့် ဒီနေရာကနေ ဆိုရင် အများသုံးယာဉ်တွေ စီးရတာက ပိုလွယ်တယ်လေ"

တက္ကသိုလ်ကျောင်းသားတွေက ကျောင်းမှာပဲ နေကြတာ မဟုတ်ဘူးလား။

ဒါမှမဟုတ် ဒီလောကကများ အိုမီဂါတွေကို အထူးဂရုစိုက်တာများလား။ ယဲ့ရှောင်းယန်က ယဉ်ကျေးစွာ မေးလိုက်သည်။

"ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။ ကောကလည်း အိမ်မှာ တစ်ယောက်တည်းဆို‌တော့ ပျင်းနေတာ။ မင်း ဒီမှာနေတုန်း ကောကို အဖော်ပြုခိုင်းရတေတော့မယ်"

"ရှောင်ယန်.."

ချင်ယွဲ့က ပြောသည်။

"ရွေ့ရွေ့ကို ဂရုစိုက်ဖို့ မင်းကိုပဲ အကူအညီ တောင်းရတော့မယ်။ ရွေ့ရွေ့က ချက်ပြုတ်တတ်တယ်။ သူ့ရဲ့ စားသောက်စရိတ်ကလည်း နည်းပါတယ်။ သူက အတန်းတွေ ပြီးသွားတဲ့အခါ ညစာ ပြင်ပေးနိုင်သေးတယ်။ မင်းတို့ နှစ်ယောက်လုံး အိမ်မှာ အတူတူ ကောင်းကောင်းချက်ပြုတ်ပြီး စားကြ ဟုတ်ပြီလား"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now