Part 100

838 123 0
                                    

အပိုင်း (100)

ဧပရယ် ၃ရက်နေ့တွင် ထျန်းဟွမ်၏ ကစားသမားများက ဂလာစီရာမြို့သို့ ဦးတည်ထွက်ခွာကြမည်ဖြစ်သည်။

သူတို့၏ group bမှ ပထမဦးဆုံး ပွဲကလည်း ဂလာစီရာမြို့တွင် ကျင်းပခဲ့လေသည်။ ထိုအချိန်က ဆောင်းတွင်းကာလသာ ရှိသေး၏။ တစ်မြို့လုံးကို outdoor ရေခဲရုပ်တုများနှင့် အလှဆင်ခဲ့သည်။ သူတို့၏ ပြိုင်ပွဲအတွင်းတွင် နှင်းများကလည်း သိပ်သည်းစွာ ကျခဲ့သေးလေသည်။

ယခုအခါ ဧပရယ်လရောက်နေလေပြီ။ ထိုသို့ဖြင့် တစ်မြို့လုံးကို နွေးထွေးသော နွေဦးလေပြည်က တိုက်ခတ်ပြီး ပန်းများကပွင့်လန်းနေနေပြီဖြစ်သည်။ သစ်ပင်များပေါ်မှ ရွက်ဟောင်းများကလည်း မြေပြင်တွင် ဖွေးနေပြီဖြစ်သည်။ တမြို့လုံးက အသက်ဝင်လာသလို ဖြစ်လာ၏။

သူတို့က ဂိမ်းပွဲအတွက် အခြားမြို့တစ်မြို့သို့ သွားသောအချိန်တိုင်းလိုလို ချန်းရှင်းက စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ပုံနှင့် vdများ ရိုက်တတ်သည်။ ယဲ့ရှောင်းယန်ကမူ ကားအပြင်ပြတင်းပေါက်ဘက်မှ ကျော်ဖြတ်သွားသော မြင်ကွင်းများကို စိတ်ဝင်စားလေ့မရှိချေ။ သူက ထိုင်ခုံတွင်သာထိုင်ပြီး ငိုက်မြည်းနေသည်။

သူတို့၏ ကားက ဟော်တယ်သို့ ရောက်သည်အထိ သူက အနားယူခဲ့သည်။ ချီရှို့က ထိုအခါ သူ၏ နားနားကပ်ခါ ခပ်တိုးတိုး ပြောလိုက်သည်။

"ငါတို့ ရောက်ပြီ ထတော့"

ယဲ့ရှောင်းယန်က မျက်လုံးကို ပွတ်လိုက်ပြီး ထလာသည်။ ချီရှို့က သူ့ကို ကူကာ ခရီးဆောင်အိတ်များထဲမှ ကျောပိုးအိတ်ကို သွားယူပေးသည်။ ထို့နောက် ကျောပိုးအိတ်ကို ပခုံးပေါ်တင်လွယ်လိုက်သဖြင့် ယဲ့ရှောင်းယန်က နောက်မှသာ အမီလိုက်ရန် လိုအပ်လေသည်။

သူတို့က ဂိမ်းပွဲစဉ်များအတွက် ခရီးသွားသည့် အချိန်တိုင်းလိုလို သူတို့၏ ဦးတည်ရာနေရာတွင် ၂ရက် ၃ရက်ခန့်သာလျှင် နေရလေသည်။ သူတို့က ပေါ့ပါးသော ဝတ်စုံများကိုသာ ထုတ်လာရန် လိုအပ်၏။ သူတို့အနေနှင့် အဝတ်အစား၊ ညအိပ်ဝတ်စုံနှင့် နေ့စဉ်အသုံးဆောင် ပစ္စည်းတချို့ကိုသာ ယူလာရန် လိုအပ်လေသည်။ ဒီတစ်ကြိမ်တွင်လည်း ကီးဘုတ်နှင့် micများကို ထည့်သယ်လာခဲ့သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now