Part 67

1.3K 178 3
                                    

အပိုင်း (67)

ဖိုင်နယ် matchက ၄နာရီကြာသည်။ ပြီးသွားသည့်အချိန်က ည၁၁နာရီ ဖြစ်နေလေပြီ။ အသင်းမှ စီမံခန့်ခွဲသူ ထန်းခန်းက လူတိုင်းကို အသင်း၏ ကားထဲသို့ ပြန်ခိုင်းလိုက်သည်။ သို့သော် ကားက အိပ်ဆောင်ဆီသို့ တိုက်ရိုက်မသွားခဲ့ချေ။ ထို့အစား ကားက မြို့တော်၏ အကျော်ကြားဆုံး ပင်လယ်စာ ဘူဖေးဆိုင် အပြင်ဘက်တွင် ရပ်သွားသည်။

လင်းဖုန်းက ရယ်ကာပြောသည်။

"အားလုံးပဲ အခုနောက်ပိုင်း အတော်လေး ကြိုးစားအားထုတ်ခဲ့ကြရတယ်၊ ဒီတော့ ဒီည ငါကမင်းတို့ကို ညနက်ပိုင်းအစားအသောက်နှင့်အတူ ဆုလာဘ်ချီးမြှင့်လိုက်မယ်"

ထိုသို့ဖြင့် ကားထဲတွင် အော်ဟစ်အားပေးသံများက ထွက်ပေါ်လာသည်။ ကားထဲရှိ ကစားသမားများက တစ်ယောက်ပြီးတစ်ယောက်ထွက်ကာ သူတို့ကြိုတင်ယူထားသော အခန်းထဲသို့ဝင်ကြသည်။ မမျှော်လင့်ထားစွာဖြင့် သူတို့က ရင်းနှီးကျွမ်းဝင်သော မျက်နှာနှစ်ခုကို မြင်လိုက်ရသည်။

ချွီကျန်းက ချက်ချင်းလိုလို ပြေးသွားပြီးနောက် ပျော်ရွှင်မှုအပြည့်ဖြင့် ပြောသည်။

"အဖိုးကြီးနျဲ့၊ အားနင်"

အဖိုးကြီးနျဲ့က အသားကုန် လှမ်းဖက်လိုက်သည်။

"ထန်းခန်းကျဲက ငါတို့ကို လှမ်းခေါ်လိုက်တာ၊ မင်းတို့တွေဆီကနေ ငါတို့ ဒီညလာပြီး ဂုန်းဆင်းတာလေ ဟားဟား"

စုန့်ယွီနင်ကလည်း ပြောသည်။

"ငါတို့ ဒီည ဖိုင်နယ်ကို လာပြန်ကြည့်တာ၊ ဒီလိုနဲ့ အားလုံးနဲ့တွေ့ဖို့ အချိန်ကောင်းလို့လည်း ခံစားလိုက်ရလို့လေ၊ မတွေ့တာကြာပြီမဟုတ်လား"

ချီရှို့က အနားသို့လျှောက်သွားပြီး သူတို့နှစ်ယောက်ကို နှုတ်ဆက်သည်။ လူအိုကြီးနျဲ့က ပြုံးကာ ပြောသည်။

"ခေါင်းဆောင်ချီ မင်းရဲ့အသင်းက အဖွဲ့ဝင်သစ်လေးနဲ့ မိတ်မဆက်ပေးဘူးလား"

ချီရှို့က နောက်ပြန်လှည့်လိုက်ပြီး အနားတွင် ရပ်နေသော ယဲ့ရှောင်းယန်ကိုကြည့်သည်။ ထို့နောက် မိတ်ဆက်ပေးသည်။ "ဒါက stream ရှောင်ပိုင်လေ၊ သူက ယဲ့ရှောင်းယန်တဲ့"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now