Part 59

1.1K 192 2
                                    

အပိုင်း (၅၉)

လူတိုင်းက Streamer ရှောင်ပိုင်ကို မေ့နေမယ် ဆိုရင်တောင်မှ ဖန်းကျန်းချင်ကတော့ လုံးဝ မေ့မှာ မဟုတ်ဘူး။

ပရိုလိဂ်တစ်ခုလုံးမှာ အပျင်းဆုံးအယ်ဖာလို့ အမည်တပ်ခံထားရတဲ့ သူက နေ့လည်၂နာရီ ဘယ်တော့မှ အိပ်ရာထလေ့ မရှိခဲ့ဘူး။ ဒါပေမဲ့ ရှောင်ပိုင်ကြောင့် သူတို့ကို ကျင်းကျယ်ရဲ့နည်းပြက ဖိအားပေးပြီး သူတို့ကို မနက်ဆယ်နာရီမှာ အိပ်ရာစထခိုင်းခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့ အိပ်ချိန် အချိန်ဇယားကိုတောင် ပြောင်းလဲခဲ့ရသေးတယ်။ ဒါကို သူတို့က ဘာလို့ ပြန်ပြီး မပြောင်းနိုင်ရမှာလဲ။

နောက်ပိုင်းတွင် ဖန်းကျန်းချင်က မနက်ဆယ်နာရီတွင် ဆက်ထဖြစ်ခဲ့သေးသည်။ သူ၏ ပုံမှန်နာရီကပင် ကပြောင်းကပြန် ဖြစ်သွားပြီး ရှုပ်ထွေးသွားသည်။ ယခုအချိန်က မနက်၁၀နာရီ အတိအကျ ဖြစ်သည်။ ဖန်းကျန်းချင်က မေချယ်က ဂရုချက်ထဲသို့ ပို့လာသော ရီကောဒင်းကို မြင်လိုက်ရချိန်တွင် သူ အိပ်ရာထသည်က သိပ်မကြာသေးချေ။

သူက ကွန်ပျူတာထဲတွင် ထိုဗီဒီယိုကို ဒေါင်းလုတ်ဆွဲနေရင်း တဝါးဝါး သန်းနေမိသေးသည်။ သူ၏ကြောင်ကိုလည်း ချီပွေ့ပွတ်သပ်ပြီး ပေါင်ပေါ်တင်ကာ ချထားပြီးနောက် နည်းပြကို လှမ်းအော်လိုက်သည်။

"နည်းပြချန်း .. လူတွေက နိုင်ငံတကာဆာဗာပေါ်မှာ ပေါ်လာတဲ့ အဆင့်မြင့်ကစားသမားအတွဲအကြောင်း ပြောနေကြတယ်။ တစ်ချက် လာကြည့်အုံး.."

နည်းပြချန်းကလည်း သိချင်စိတ် ပြင်းပြစွာဖြင့် အလျင်အမြန် ပြေးလာပြီး ရီကောဒင်းကို စစ်ကြည့်သည်။

Mid/Jungle အတွဲ လေကြောင်း Combo ဟုတ်လား၊ အဖြူအနက် ဝံပုလွေဘုရင်..

နည်းပြချန်းက မေးစေ့ကို ပွတ်ပြီးနောက် တွေးတွေးဆဆဖြင့် သဘောတကျ ပြောသည်။

"ဒီCombo နှစ်ခုလုံးက ဂိမ်းတွေမှာ တွေ့ရခဲတယ်။ အဓိက အကြောင်းကတော့ ကစားသမားတွေ အတူပေါင်းပြီး လုပ်ဖို့ တအားခက်လို့ပဲ။ ဒီနှစ်ယောက်က တော်တော်လေးကို နားလည်မှု နက်ရှိုင်းနေတယ်။ ဘယ်တိုင်းပြည်က ကျွမ်းကျင် ပညာရှင်တွေများလဲ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now