Part 82

989 171 1
                                    

အပိုင်း (82)

ယခင်ဂိမ်းက ချောမွေ့စွာ ရွက်လွှင့်နိုင်ခဲ့သည်ဟုပင် ဆို၍ရသေးသည်။ ထိုကဲ့သို့သော ဂိမ်းအမျိုးအစားက ပွဲစဥ်များတွင် မြင်ရခဲလေသည်။ အားသာချက်အရရှိထားသော အသင်းက တောက်လျှောက်အနိုင်ရယူသွားခြင်း ဖြစ်သည်။ ထိုနဂါးကြီးနားတွင် အရယူသွားသည့် penta killကလည်း NTGကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို လဲပြိုကျသွားစေသည်။

Proအဖွဲ့ချုပ်က ဒီလောက်ထိ ကြောက်စရာကောင်းတာလား။

NTGက အငယ်တန်းပွဲစဥ်များမှ အဓိက ပွဲစဥ်များသို့ တက်ခါစဖြစ်ပြီး သူတို့က ပထမဦးဆုံး ဂိမ်းပွဲတွင် penta killဖြင့် ရှင်းလင်းခံလိုက်ရသည်။ NTG၏ ကစားသမားများက အတော်လေး ဖြူဖျော့ကုန်ကြသည်။ ဒီခံစားချက်က....

ဒါက ကြေးနီရောင်အဆင့် ကစားသမားက ရုတ်တရက် ဘုရင်အဆင့်ကို တက်သွားပြီး ငါးတစ်ကောင်လိုမျိုး ရိုက်ချခံလိုက်ရတဲ့ အနေအထားမျိုးမဟုတ်လား။

NTG၏ နည်းပြကလည်း စင်အောက်မှ ထိုဂိမ်းကို ကြည့်နေခြင်း ဖြစ်သည်။ သူ၏ မျက်နှာတစ်ခုလုံးကလည်း အံ့အားသင့်မှုနှင့် ပြည့်နှက်နေသည်။

ဒုတိယပွဲက သိပ်မကြာခင် စတင်သည်။ သူက အသံလုံခန်းထဲသို့ ပြန်သွားပြီး ဂရုတစိုက်ဖြင့် စကားလုံးများကို တွေးတောလိုက်သည်။ ထို့နောက် အသင်းဖိအားပေးကာ ရယ်ရင်း စိတ်ထိန်းလိုက်သည်။

"ဒါက အဆင်ပြေပါတယ်၊ ငါတို့ရဲ့ ပြိုင်ဘက်က ထျန်းဟွမ်ပဲလေ၊ ချီရှို့က ကမ္ဘာ့အဆင့် junglerမဟုတ်လား၊ ဒီတော့ သူတို့ကို ရှုံးရတာက ပုံမှန်....."

သို့သော် ပြဿနာကမူ ချီရှို့က penta killယူသွားသူ မဟုတ်နေခဲ့ချေ။ ဒါက ထျန်းဟွမ်မှ ကစားသမားအသစ် midlanerဖြစ်နေသည်။

သူတို့ကိုသာ ချီရှို့က ရှင်းလင်းလိုက်လျှင် လူတိုင်းကလည်း လွယ်ကူစွာ လက်ခံနိုင်လောက်သည်။ ချီရှို့က ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လေသည်။ သို့သော် ပွဲဦးထွက်ခါစ ကစားသမားအသစ်တစ်ယောက်၏ ရှင်းလင်းပစ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်လေရာ NTGအနေနှင့် လောကကို မျက်နှာချင်းပင် မဆိုင်နိုင်ကြတော့ချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now