1

39.9K 1.3K 14
                                    

Unicode Ver

၁။ ဆေးရုံ 

မြူတွေဆိုင်းနေတဲ့ အိပ်မက်ထဲမှာလား ဒါမှမဟုတ် နှင်းတွေဝေနေတဲ့ လက်တွေ့ဘဝမှာလား သူမသေချာမသိဘူး။ သမုဒ္ဒရာနက်နက်ထဲမှာ နှစ်မြုပ်နေသလိုမျိုး လေဟာနယ်ထဲမှာ မှင်ပြာရောင်တွေက နေရာတိုင်းမှာပဲ။ ဒီနေရာမှာ တိတ်ဆိတ်မှုအပြင် ဘာမှမရှိဘူး။ ကြားနေရတဲ့ တစ်ခုတည်းသော အသံက ဘေးနားကနေ တတွတ်တွတ်ပြောနေတဲ့ အသံတိုးတိုးလေးပဲ။ သူမခန္တာကိုယ်ပြောင်လေးက သမုဒ္ဒရာထဲမှာ ရောက်ရှိနေတယ်။ နက်ရှိုင်းတဲ့ပင်လယ်ကြီးအလယ်မှာ သတိလက်လွတ်မျောနေပြီး လေထဲမှာ မြင့်လိုက်နိမ့်လိုက် လွှင့်နေတယ်။ သူမအိပ်ပျော်နေတာ အတော်ကြာလှပြီ . . .

"လူနာ . . . လူနာ နိုးလာပြီ!"

ပျို့လာခြင်းနဲ့အတူ ဗိုက်အောင့်နေတာက မီးလိုပဲ။ ကုတင်ပေါ်မှာ သူမကလှဲနေပုံရပြီး သူမနောက်ကျောကနာနေတာ မခံရပ်နိုင်အောင်ပဲ။ သူမလက်တွေကလည်း ထိန်းချုပ်လို့မရအောင် တုန်နေတယ်။

"ဆရာကြီးရေ မြန်မြန်လာကြည့်ပါဦး!"

သူမဘေးနားက အသံက ဗလုံးဗထွေးပိုဖြစ်လာပြီး သူမခန္တာကိုယ်ထဲက နာကျင်မှုကပိုသိသာလာတယ်။ သူမမျက်လုံးဖွင့်မကြည့်နိုင်တော့ အပြင်မှာ ဘာဖြစ်နေလဲ သူမမသိနိုင်ဘူး။

"ထပ်မေ့တော့မယ်ထင်တယ်"

ဒီစကားကို ကြားပြီးတာနဲ့ အရာအားလုံးက တိတ်ဆိတ်သွားတယ်။ ကျယ်ပြောပြီး လှပဆန်းကျယ်တဲ့နေရာဖြစ်တဲ့ နက်ရှိုင်းတဲ့ပင်လယ်ထဲကို သူမငြိမ်သက်စွာနဲ့ နစ်မြုပ်သွားပြန်တယ်။ ဒါက ဝေဒနာတွေကို မခံစားရတဲ့ တစ်ခုတည်းသောနေရာ ဖြစ်တယ်။

"သူတကယ်ထပ်မေ့သွားပြန်ပြီ"
နာစ်မလေးက သူမမျက်ခွံကို ဆွဲဖွင့်ပြီး ဓာတ်မီးနဲ့ ထိုးကြည့်တယ်။ ပါးစပ်ကနေ အကျယ်ကြီး အော်ပြောတော့တယ်။
"ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ? ဒီတစ်ပတ်ထဲမှာ ဒါ၄ခါရှိနေပြီ"

နာစ်မလေးက လူနာဆောင်အပြင်ကို ကြည့်လိုက်တယ်။ IV dripကို အတိုးအလျှော့လုပ်ပြီးတော့ အပြေးအလွှားဝင်လာတဲ့ ဆရာဝန်ကြီးကို ကြည့်ပြီး ပြောလိုက်တယ်။
"ဆရာကြီး သူဖြတ်ကျော်နိုင်မယ် ထင်လား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now