28

5.3K 609 14
                                    

Unicode Ver

၂၈။ ငြီးငွေ့ဖွယ်ကောင်းခြင်း

သံသယတစ်ဝက်ဖြင့် ကျန်းလီမှာ ခနတွေဝေနေပြီးနောက် ရှေ့နေကြီးရုံးခန်းဖုန်းကို ဆက်လိုက်သည်။

"ဟယ်လို ရှေ့နေကြီး"

"ရှေ့နေကြီးက အခုအစည်းအဝေးလုပ်နေတယ်။ ရုံးခန်းထဲမှာ မရှိဘူး"
မော့ဟန်၏ လက်ထောက်က ဖြေသည်။

"ဟို. . .ဟိုဟာလေ . . .ဒီမှာရှေ့နေကြီးရဲ့ ညီမလို့ ပြောတဲ့သူတစ်ယောက် ရောက်နေတယ်။ ရှေ့နေကြီးကို တွေ့ချင်လို့တဲ့"
ကျန်းလီမျက်နှာက သံသယမကင်းဖြင့် သူမကိုကြည့်ရင်း ပြောသည်။

"ညီမလား? ငါတစ်ခါမှ မကြားဖူးဘူး။ ဆရာ့နောက်ကိုလိုက်နေတာ နှစ်ချီနေပင်မယ့် ညီမလို့ပြောသံ ငါတစ်ခွန်းမှ မကြားဖူးဘူး။ အယောင်ဆောင်များလား?"

"ကျွန်မလည်း မသိဘူးလေ . . .ရှေ့နေကြီးကို ပြောသင့်လား မပြောသင့်ဘူးလား"
ကျန်းလီက ရှုချင်းရီကို ခိုးကြည့်ရင်း ပြောသည်။

"ဘာလုပ်ဖို့လဲ! ရှေ့နေကြီးက အခုဥက္ကဌကျန်းအမှုနဲ့ ကွိုင်တက်နေတာ။ ကျန်းရဲ့မိန်းမဟောင်းက ရုံးကိုလာပြီး မဖြစ်နိုင်တာတွေ တောင်းဆိုသွားတယ်! ရှေ့နေကြီးနဲ့ တခြားရှေ့နေတွေ အခုဗျူဟာစဉ်းစားနေကြတယ်"
လက်ထောက်မှာ ဒီကိစ္စကိုပြောရင်း စိတ်တိုလာသည်။ သူတို့မှာ တစ်နေ့လုံး နားချိန်တောင်မရဘဲ ကျန်းရဲ့မိန်းမဟောင့်ဆီက ဒီဗီဒီယိုကိစ္စကြောင့် မရပ်မနားအလုပ်လုပ်နေရခြင်း ဖြစ်သည်။

"သြော် . . .ဟုတ်ကဲ့ . . .ကျွန်မဘာသာတစ်ခုခုစီစဉ်လိုက်မယ်"
ကျန်းလီက ဖုန်းချလိုက်သည်။

ရှုချင်းရီက စားပွဲရှေ့ကထိုင်ခုံတွင် ကားယလေး ထိုင်နေဆဲပင် ဖြစ်သည်။ သူမကဖုန်းကိုဝင်မပြောဘဲ ဧည့်ကောင်တာမှအမျိုးသမီး ပြောသမျှကို သေချာနားခောင်နေရင်း စဉ်းစားချင့်ချိန်နေခဲ့သည်။ သူမအသိစိတ်ကတော့ သူမမျှော်လင့်သလို ရလဒ်မရကြောင်း ကြိုပြောသည်။

"အားနာပါတယ်ရှင်။ ရှေ့နေကြီးက အခုအစည်းအဝေးလုပ်နေဆဲမလို့ ဆက်သွယ်လို့ မရပါဘူး။ ခနလောက်စောင့်ဦးမလားရှင့်?"
ကျန်းလီမှာ ဒါကအချိန်ဆွဲသည့်နည်းမှန်း သိလေသည်။ ရှေ့နေကြီးအတွက် အလုပ်မှမဟုတ်သည့်သူများက သူ့အလုပ်လုပ်နေစဉ် လာနှောင့်ယှက်လျှင် မကြိုက်မှန်း သူမသိသည်။ သူမက ရှေ့နေကြီး၏ စည်းမျဉ်းအတိုင်း ဆောင်ရွက်ကြောင်းပြကာ အလိမ္မာဖြင့် နှင်နေခြင်းဖြစ်သည်။ သူမက မပြန်ဘူးဆိုရင်လည်း ၁နာရီမှ ၂နာရီအတွင်းတွင် ရုံးဆင်းချိန်ရောက်တော့မည်ဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now