190

3.2K 336 10
                                    

Unicode Ver

၁၉၀။ သေလိမ့်မယ်

သူမက ရှောင်ယဲ့အား စိုက်ကြည့်ကာ ဒီမောင်လေးကို အမကြီးပီသစွာ သင်ခန်းစာ ပေးရန်ပြင်စဥ်တွင်
"ရပါတယ်။ အဆင်ပြေပါတယ်။ တစ်ခုခုဖြစ်ရင် ဖုန်းလှမ်းဆက်လိုက်မယ်။ လာကယ်ပေးပေါ့ဗျာ။ မဟုတ်ဘူးလား?"
ဤစကားများသည် ထိုနေ့တုန်းက သူမအား နောက်ဆုံးပြောသွားသည့် စကားတို့သာ ဖြစ်တော့သည်။

သူမသည် ပုန်းအောင်းကာ စောင့်ဆိုင်းနေစဥ် ဘာကြောင့်မှန်းမသိ သူမသည် ရင်တွေတုန်နေခဲ့သည်။ ထိုအချိန်တုန်းကတော့ သူမအိပ်ရေးပျက်၍ဖြစ်မည်ဟု ထင်ခဲ့သော်လည်း နောက်တော့မှ မသိစိတ်က သတိပေးနေမှန်းကို သိလာခဲ့ရသည်။

သူမသည် အိတ်ကပ်ထဲက ဖုန်းကိုကိုင်ကာ အကြာကြီး စောင့်နေခဲ့သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမအား တစ်စုံတစ်ယောက်ကတော့ ဖုန်းဆက်က ပြောသင့်သည်။

ညမှောင်သည့်အချိန်ရောက်မှ လူတစ်ယောက်က သူမဆီကို ရောက်လာသည်။ထိုလူက တတိယသခင်လေးနှင့်အတူ ပါသွားသည့် လူယုံဖြစ်သည်။

မျက်နှာပျက်နေသည်ကို သူမမြင်သည့်အခါ မကောင်းတာတစ်ခုခု ဖြစ်ခဲ့မှန်းသိ၍
"ဘာဖြစ်လာတာလဲ?"

"တတိယသခင်လေးက နင့်ကိုပြန်ခေါ်သွားခိုင်းလိုက်တယ်"

"ဘာဖြစ်တာလဲလို့ မေးနေတာလေ?"

ထိုလူက ဘာမှပြန်မဖြေဘဲ သူမ၏လက်ကိုဆွဲကာ ထွက်သွားရန်လုပ်သည်။

သူမက လက်ကိုခါချလိုက်ကာ အော်ဟစ်မေးတော့သည်။
"ဘာဖြစ်တာလဲလို့ မေးနေတယ်!"

ထိုလူက ဘာမှပြန်မဖြေဘဲ သူမကိုဆွဲထွက်သွားရန်လုပ်ပြန်သည်။

"သူတို့ကို မြင်ချင်တယ်! တတိယသခင်လေးက ဘယ်မှာလဲ? ရှောင်ယဲ့ကရော? ဘာတွေဖြစ်နေသလဲ? တစ်ခုခုပြောလေ!"
သူမသည် ကျယ်လောင်စွာ အော်ပြောနေမိသည်။

ထိုလူက အသံတိုးတိုးလေးဖြင့် ပြောလာသည်။
"ငါတောင်းပန်ပါတယ်"

ထို့နောက် သူမ၏ခေါင်းကို အလစ်ရိုက်ခံလိုက်ရကာ သူမ၏ကမ္ဘာသည် အမှောင်ကျသွားခဲ့သည်။ သူမပြန်နိုးလာခဲ့သည့်အခါ အရင်လိုပဲ သူမအနားတွင် ဘယ်သူမှ မရှိခဲ့ပေ။ သူမသည် ခေါင်းမူးဝေနေသေးသော်လည်း ချက်ချင်းထကာ အပြင်သို့ ပြေးထွက်လာသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now