57

4.1K 549 1
                                    

Unicode Ver

၅၇။ ပြန်ရောက်လာခြင်း

ရှုချင်းရီက သူမဖုန်းကို အချိန်ကြာကြာကြည့်သော်လည်း မနက်ကလိုမျိုး သူမဘာမှမခံစားရပေ။ သူမဘာမှတ်ညဏ်မှ ပေါ်မလာသလို ထိုစာနှစ်လုံးကိုကြည့်သော်လည်း ဘယ်လိုမှမနေပေ။

ရှုချင်းရီက မနက်က မြင်တာကိုတောင် သူမစိတ်ကူးယဉ်မိတာလာဟု ထင်လာမိသည်။

"တစ်ခုခုမှတ်မိလာလား?"

"ဟင့်အင်း"
သူမခေါင်းခါပြလိုက်သည်။

"အဲ့ဒါဆိုရင်လည်း တွေးမနေနဲ့တော့။ သွားအိပ်။ နောက်ကျနေပြီ"

"ညီမလေး အကုန်မှတ်မိလာတဲ့နေ့ရောက်လာရင် ဘယ်လိုလုပ်ရမလဲ?"

မော့ဟန်က ခနလောက်အေးခဲသွားသည်။ ထို့နောက် ညင်သာစွာပြုံးပြကာ
"ဘာလုပ်နိုင်မှာမလို့လဲ? အကုန်မှတ်မိလာရင် မင်းဘဝအစစ်ထဲကို မင်းကိုပြန်သွားဖို့ ငါတို့သဘောတူထားတယ်မလား? ငါကလည်း မင်းအကိုအရင်းမှ မဟုတ်တာ"

ရှုချင်းရီ၏ စိတ်မချမ်းသာဖြစ်သွားသည့်မျက်နှာလေးကို မော့ဟန်က ရှင်းရှင်းလင်းလင်းမြင်လိုက်သော်လည်း သူ့ကိုယ်သူအတင်းပြုံးစေကာ
"နောက်ဆုံးကျရင် မင်းထွက်သွားရမှာက အမှန်တရားပဲလေ"

ရှုချင်းရီကလည်း ဘာမှမဖြစ်သလိုမျက်နှာထားလေး ပြန်ပြောင်းသွားကာ မော့ဟန်ကို မော့ကြည့်ပြီး
"ညီမလေး အိပ်တော့မယ်။ ကိုကြီးလည်း စောစောအိပ်သင့်တယ်နော်"

အရာအားလုံးသာ ချောမွေ့ခဲ့ပါက မှတ်ညဏ်တွေ ပြန်ရသည်နှင့် ရှုချင်းရီက သူမအိမ်သူမပြန်သွားမည် ဖြစ်သည်။ မော့ဟန်ကလည်း သူမကို စောင့်ရှောက်ထားရသည့် အဖိုးအခကို ပြန်ရမည်ဖြစ်ကာ သူတို့ကြားတွင် ဒီလိုထူးဆန်းသည့် မွေးစားမောင်နှမဆိုသည့် ပတ်သတ်မှုမျိုးလည်း ဆက်ရှိမှာ မဟုတ်တော့ပါ။ သူက အေးစက်သည့် အလုပ်ရူးတစ်ယောက်ဖြစ်သောကြောင့် သူမထွက်သွားသည့်အခါ အရာအားလုံးမှာ အရင်လိုပြန်ဖြစ်သွားမည် ဖြစ်သည်။

ဒါပင်မယ့်လည်း အနာဂတ်ဆိုတာ ဘယ်သူကမှ ကြိုခန့်မှန်းနိုင်သည့် အရာမျိုးမဟုတ်ခဲ့သည်ပဲ။ ရှုချင်းရီက သူမအတိတ်ကို ပြန်မှတ်မိသွားခြင်းက မော့ဟန်အတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်လာမလဲဆိုသည်ကို ဒီအချိန်တုန်းက သူကိုယ်တိုင်လည်း မသိခဲ့ခြင်းဖြစ်သည်။ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now