10

6.9K 836 4
                                    

Unicode Ver

၁၀။ စိတ်မပူပါနဲ့ မသေပါဘူး

အစားအသောက်တွေ ရောက်လာကတည်းက နှစ်ယောက်လုံးက တိတ်ဆိတ်ငြိမ်သက်စွာ စားနေကြတယ်။ ဘယ်သူမှ စကားမပြောကြဘူး။ သူမက ဗိုက်တော်တော်ကို ဆာနေတာ။ ဆေးရုံကဆင်းလာကတည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်တောင်အောင့်နေတယ်။ Super marketမှာ အကြွေးယူဖို့ မျှော်လင့်ချက်နဲ့ ရွေးချယ်စရာမရှိဘဲ သွားလိုက်ရတာ ဖြစ်တယ်။ ဒါပင်မယ့် ကိစ္စတွေက ဒီလိုဖြစ်သွားလိမ့်မယ်လို့ သူမတကယ်မတွေးမိခဲ့ဘူး။ ကောင်တာကမိန်းမက သူမကို ရဲစခန်း ပို့ချင်လောက်တဲ့အထိပေါ့။

သူမက အစားအသောက်တွေကို အငမ်းမရစားလိုက်ပြီး သူမရှေ့ကလူကြီးကို ကြည့်လိုက်တယ်။ မော့ဟန်က တစ်ဝက်လောက်ပဲ စားလို့ပြီးသေးတယ်။ သူကခါးမတ်မတ်ထိုင်စားနေပြီး မတ်နေတဲ့သူပုံစံက စိတ်လုံခြုံမှုအပြည့်ရှိကြောင်းကို ပြနေတယ်။သူက စကားတစ်ခွန်းမှမပြောဘဲ ငုံစားနေတယ်။ ကျွမ်းကျင်နေတဲ့ သူ့အမှုအယာက အနောက်တိုင်းစားသောက်ဆိုင်ရဲ့ ဖောက်သည်ရင်းကြီးမှန်း သိသာနေတယ်။

စွပ်ပြုပ်ခွက်ထဲမှာ စွပ်ပြုတ်နည်းနည်းပဲ ကျန်တော့သလို သူမလည်းဗိုက်ထပ်မဆာတော့ဘူး။ ဒါပင်မယ့် သူမထိုင်နေပြီး သူစားတာကိုကြည့်နေရတာ ပျင်းလာပြီး အနေရကြပ်တယ်။ ဒါကြောင့် ထသန့်စင်ခန်းသွားဖို့ သူမဆုံးဖြတ်လိုက်တယ်။

"သန့်စင်ခန်းခန သွားလိုက်ဦးမယ်နော်"
သူမပြောပြီးရုံရှိသေးတယ်။ သူထမရပ်လိုက်တဲ့အခါမှာ စားပွဲစွန်းနဲ့ ဗိုက်ကိုမတော်တဆ တိုက်မိသွားတယ်။ ချက်ချင်းပဲ သူမတစ်ကိုယ်လုံးကို နာကျင်မှုက လောင်မြိုက်သွားတယ်။

သူမဗိုက်ကိုလက်နဲ့အုပ်ကိုင်ကာ မျက်နှာလေးက ရံှုမဲ့သွားတယ်။ ခနလေးအတွင်းမှာပဲ သူမလက်က သွေးလွှမ်းသွားတယ်။ အဝတ်က သွေးတစ်ချို့ကို စုပ်ယူထားလိုက်ပင်မယ့် သူမဒဏ်ရာက ပွင့်သွားပြန်ပြီ။

မော့ဟန်က ဇွန်းခရင်းကို လက်မှာကိုင်ထားရင်း စားတာကိုရပ်လိုက်တယ်။ ဗိုက်ကိုဖိထားပြီး မျက်နှာလေးရံှုမဲ့သွားတာကို မြင်လိုက်ရတော့ မယုံကြည်နိုင်ပုံရငွားပြီး
"ဘာဖြစ်လို့လဲ?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now