13

6.5K 796 4
                                    

၁၃။ စာချုပ်ကိစ္စ

"မင်းဘာလို့ရပ်နေတာလဲ?"
ပိုင်ယုက ဆေးရုံအခန်းကို ရှာမတွေ့ခင်မှာ ငွေရှင်းဖို့အတွက် အကြာကြီးလိုက်ရှာလိုက်ရသည်။ အခန်းနားရောက်တော့ အခန်းထဲမဝင်ဘဲ အပြင်မှာရပ်နေတဲ့ မော့ဟန်ကို သူတွေ့ရသည်။ သူအထဲကိုကြည့်လိုက်တော့ စိတ်ချရဲ့တဲ့အခြေအနေမှာ သက်သာစွာလှဲနေတဲ့ ကောင်မလေးကို မြင်ရသည်။
"ဟိုကလေးမလေး ဘယ်လိုနေလဲ?"

"အခုပဲ ချုပ်ပြီးသွားတယ်။ ထုံဆေးကတော့ အခုမပြယ်သေးဘူး"

ပိုင်ယုက မော့ဟန်ပုံစံက ထူးခြားနေမှန်း သိလိုက်သည်။ သူ့မျက်နှာက မီးသွေးခဲလို မဲမှောင်နေပြီးတော့ တစ်ခုခုကို အလိုမကျဘဲ ဒေါသထွက်နေပုံရသည်။ သူ့ကို ဒီလိုပုံစံမျိုးနဲ့ ဘယ်သူမှ မမြင်ဖူးတာ အတော်ကြာပြီ။ အချိန်အများစုမှာ သူကရုပ်တည်ကြီးနဲ့နေပြီး ပြုံးခဲသည်။ သူဘာတွေးနေမှန်း ဘယ်သူကမှ မှန်းမရဘူး။ ၈နှစ်လောက်ခင်ခဲ့တဲ့ သူငယ်ချင်းကတောင်မှ မော့ဟန်ရဲ့ ဒီလိုအမူအယာမျိုးကို ဘယ်တုန်းက နောက်ဆုံးမြင်ခဲ့မှန်း မမှတ်မိတော့ဘူး။

"မင်းနဲ့ ဟိုကောင်မလေးက ဘာတွေလဲ? အရင်တုန်းက ငါဘာလို့မမြင်ဖူးရတာလဲ?"
ပိုင်ယုက မေးသည်။

"ငါနဲ့ လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ တွေ့ဖူးတာ။ ငါ့ရုံးကို ဆေးရုံဝတ်စုံနဲ့ ရောက်လာပြီး သူ့အကြောင်းသူလာမေးတာလေ"
မော့ဟန်က သူတို့ပထမဆုံး တွေ့တုန်းကအကြောင်း ပြန်တွေးမိကာ ရယ်ဟန်ဆောင်ရင်း ပြောသည်။

ပိုင်ယုက နားမလည်နိုင်တော့ ခေါင်းငဲ့ကာ မေးသည်။
"ဘာတွေလဲ?"

မော့ဟန်က ပြောသည်။
"ကောင်မလေးက အတိတ်မေ့နေတယ်။ ဘာမှကို မမှတ်မိဘူး။ အရင်လက ငါဆေးရုံကို သွားတုန်းက မရည်ရွယ်ဘဲ ဆေးဖိုးရှင်းလိုက်ပြီး သူ့ကိုကယ်လိုက်မိတယ်။ သတိရလာတော့ ဆေးရုံကစာရွက်နဲ့ ငါ့ရုံးကိုလာပြီး သူ့ကိုသိလားလို့ လာမေးတယ်"

"မင်းက သူ့ဆေးဖိုး ရှင်းလိုက်တာ?"
ပိုင်ယုက မော့ဟန်လိုမျိုး သွေးအေးတဲ့ရှေ့နေက စိတ်သဘောထားကြီးတယ်ဆိုတာကို မယုံကြည်နိုင်ဘူး။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now