72

4K 580 16
                                    

Unicode Ver

၇၂။ ဘာဖြစ်လို့ရန်ဖြစ်ရတာလဲ?

"ဘာဖြစ်လို့ သူရန်ဖြစ်ရတာလဲ?"
မော့ဟန်၏ သူမအပေါ်အမြင်မှာ သူ့မ၏စရိုက်က တစ်ခါတစ်လေ သည်းမခံနိုင်ဖွယ်ဖြစ်သော်လည်း သူမအခြားသူနှင့် ရန်ဖြစ်ရသည့်လောက်အထိတော့ သူမမှာမဆိုးဝါးသေးပေ။ ဒီလိုဖြစ်ရသည်မှာ ရှုချင်းရီဆက်ခနဲဖြစ်သွားခြင်းကြောင့်သာ ဖြစ်မည်။

"ကျွန်မလည်း မသိဘူး။ သူနဲ့ရန်ဖြစ်တဲ့တစ်ယောက်က ငိုနေပြီးတော့ အကြောင်းအရင်းကို မေးလည်းမရဘူး။ အတန်းဖော်တွေကတော့ သူတို့နှစ်ယောက်ကြားက မနာလိုမှုတွေကြောင့်ဖြစ်တာလို့ ပြောနေကြတာပါပဲ။ ရှင့်ညီမက ဒီနေ့အရမ်းစိတ်လိုက်မာန်ပါ လုပ်တာပဲ"

"ဘယ်လိုမနာလိုမှုမျိုးလဲ? ဘယ်အချိန်တည်းက ဖြစ်နေကြတာလဲ?"
မော့ဟန်က နည်းနည်းစိတ်တိုလာပြီ ဖြစ်သည်။ အဲဒီကောင်မလေးပြောရုံဖြင့် ဘာဖြစ်ခဲ့သလဲကို သေချာမစုံစမ်းကြဘဲ ထင်ရာကိုဆွဲတွေးခြင်းက မတရားပေ။

မော့ဟန်၏လေသံကြောင့် ဆရာမမှာ လန့်သွားသည်။ ရှေ့နေကြီးက အေးစက်ကာ ကြောက်ဖို့ကောင်းသည့်သူဟု သူမကြားခဲ့ဖူးတာဖြစ်သည်။ အခုလို ဖုန်းကတစ်ဆင့် လေသံကကြားရုံဖြင့် သူမမှာ ကြောက်လာလေပြီ။
"စိတ်မဆိုးပါနဲ့ ရှေ့နေကြီး။ ကျွန်မတို့ ရှင့်ညီမလေးကို အခုရှာနေပါတယ်။ သူ့ကိုရှာတွေ့တာနဲ့ သူ့ဆီက ဘာဖြစ်သလဲဆိုတာကို ကြားရရင် ကျွန်မတို့ သင့်တော်တဲ့ ဖြေရှင်းချက်ပေးမှာပါ"

"သူသွားတာ ဘယ်လောက်ကြာပြီလဲ?"

"ဒီတနေ့ခင်းလုံးထင်တယ်"

"တနေ့ခင်းလုံး! ကျောင်းက အခုမှ ကျွန်တော့်ကို အကြောင်းကြားတာလား? သူဒီနေ့နေမကောင်းဘူး။ အပြင်မှာတစ်ခုခုဖြစ်သွားကာမှ ရဲစခန်းကနေ ကျွန်တော့်ကို ခေါ်ပါတော့လား?"
မော့ဟန်က သူ့လေသံကို မမြှင့်ဘဲမနေနိုင်တော့ပေ။ တစ်ဖက်က ဆရာမကတော့ သူ့အသံကြောင့် ကြောက်လန့်ကာ အော်ငိုတော့မတက် ဖြစ်နေပြီ။

"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်မတို့ မြန်နိုင်သမျှ မြန်မြန်ရှာပါ့မယ်"
ဆရာမမှာ တရစပ်တောင်းပန်နေသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now