55

4.4K 620 20
                                    

၅၅။ ငါမင်းကိုကုန်းပိုးခေါ်သွားမယ်

Law Firmတွင် သူလုပ်စရာရှိသည်များကိုလုပ်နေရင်းဖြင့် သူအလုပ်များသွားတော့သည်။ ထိပ်တန်းရှေ့နေများဆီမှ ရှုပ်ထွေးသည့်အမှုများတွင် အကူအညီပေးရန် သူ့ကိုတောင်းဆိုလာသည်များလည်းရှိသည်။ သူ့law firmကို ဂုဏ်သတင်းပိုကြီးလာပြီး နေရာပိုရလာရန် သူလုပ်ချင်သောကြောင့် သူ့တွင်လုပ်စရာတွေ အများကြီးရှိလေသည်။

သူ့တွင် ဝါသနာပါသည်ဟူ၍ မရှိပေ။ တသီးတသန့်နေလွန်းသည့်အကျင့်ကြောင့်လည်း သူငယ်ချင်းဟူ၍ ပိုင်ယုအပြင် မရှိပါ။ သူဘယ်လောက် အလုပ်များများ သူမမူဘဲလုပ်တက်ပင်မယ့်လည်း လူအများက သူ့ကိုအလုပ်ရူးဟုခေါ်ကာ လှောင်ပြောင်တက်ကြသည်။

သူ့အတွင်းရေးမှူးမက သူ့တံခါးကို ခေါက်ဝင်လာပြီး သူမပြန်တော့မည့်အကြောင်း သတင်းပို့သောအခါ ၁၀နာရီ ထိုးနေလေပြီ။ သူလည်းအလုပ်ဆင်းသင့်နေပင်မယ့် သူ့စိတ်ထဲတွင် သူအကောင်းဆုံး မလုပ်လိုက်ရသေးဘူးဟူ၍ ခံစားနေရသေးသည်။ သူဟာတကယ်ကို အလုပ်ရူးတစ်ယောက် ဖြစ်နေခဲ့သည်။

"အရင်ဆင်းနှင့်ကြ။ ငါလည်းဒီအလုပ်နည်းနည်းဖြတ်ပြီးရင် အလုပ်ဆင်းတော့မှာ"

အတွင်းရေးမှူးမက သူ့ကိုလည်းပြန်စေချင်သောကြောင့် တံခါးဝတွင်ရပ်ကာ မဝံ့မရဲဖြင့် ပြောသည်။
"ဘော့စ် လုပ်ရမယ့်အလုပ်ကတော့ အမြဲတမ်းရှိနေမှာပါ။ အဲ့ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါဦး"

မော့ဟန်က ပြုံးပြကာ
"ငါသိပါတယ်"

အတွင်းရေးမှူးထွက်သွားသည့်အခါ နောက်ဆုံးအမှူကို လက်စသတ်ပြီးသည်နှင့် သူပြန်ရန် ပြင်ဆင်လိုက်သည်။ သူ့ဖုန်းကိုယူလိုက်ပြီး စက်ပြန်ဖွင့်လိုက်သည်။ ထို့ကြောင့် တနေ့လုံး တိတ်ဆိတ်နေခဲ့သည်။

မော့ဟန်ဖုန်းပွင့်လာသောအခါ ၁၁နာရီထိုးတော့မည်ဖြစ်ပြီး ရှုချင်းရီဖုန်းခေါ်ထားသည်များကိုလည်း တွေ့လိုက်ရသည်။ ရှုချင်းရီက အိမ်ပြန်လာတိုင်း သူ့ကိုဖုန်းဆက်ကာ ဘယ်အချိန်ပြန်မလာလဲဟု မေးလေ့ရှိသည်။ သို့သော် ဒီနေ့တွင် သူမကို သူအိမ်အပြန်နောက်ကျမည့်အကြောင်းကို ပြောပြဖို့ သူမေ့သွားခဲ့သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now