198

3K 207 1
                                    

Unicode Ver

၁၉၈။ မတော်တဆမှု

ရှုချင်းရီ၏ ခရီးစဉ်သည် ထင်သလို မချောမွေ့ခဲ့ပေ။ ထိုမြို့၏ ရာသီဥတုမှာလည်း နေ့တွင်အရမ်းပူသလို ညတွင်အရမ်းအေးသည်။ ရှုချင်းရီသည် ရောက်ရောက်ချင်းညတွင် ကြယ်ရောင်စုံနေသည့် ကောင်းကင်ကိုငေးရင်း မော့ဟန်ကို လွမ်းနေမိခဲ့သည်။

နောက်နေ့တွင်တော့ သူမသည် ရာသီဥတုနှင့် လိုက်လျောညီထွေ နေတက်သွားသည်။ ထို့နောက် သူမတည်းခိုသည့် ဟိုတယ်မှ ခရီးသွားဧည့်သည်များနှင့်အတူ သဲကန္တာရထဲသို့ ခရီးထွက်ရန် စီစဥ်လေသည်။

ဒါရိုက်ဘာအပါအဝင် သူမတို့လူငါးယောက်သည် အနက်ရောင်SUVကားဖြင့် မြို့မှထွက်ကာ သဲကန္တာရထဲသို့ ထွက်သွားကြသည်။ ကောင်းကင်ပြာကြီးအောက်တွင် သဲတို့ကို မျက်စိတစ်ဆုံး ကားပြတင်းပေါက်မှ သူမလှမ်းကြည့်နေခဲ့သည်။ နေ့လည်ရောက်သည့်အခါ လေကထန်လာပြီး ကားထဲသို့ သဲမှုန်များက လွင့်ပျံလာလေပြီ။ ထိုအခါ သူမ၏ဘေးမှ ကောင်လေးသည် ရှုချင်းရီအား maskတစ်ခုကို ထုတ်ပေးလာသည်။ သူမလည်း ကျေးဇူးတင်လိုက်ကာ တပ်လာလိုက်သည်။

ကားသည် မောင်းနှင်လာရင်းမှ သဲတောင်တန်းများအနီးသို့ ရောက်သည့်အချိန်တွင် ရပ်လိုက်သည်။ သူတို့လည်း ကားပေါ်မှ ဆင်းလာကြသည်။

တစ်ပတ်လုံး သည်းခံကာ စောင့်နေခဲ့သည့် မော့ဟန်မှာတော့ ရှုချင်းရီပြန်မလာသည့်အခါ သွားခေါ်ရန် လိုက်သွားဖို့ပြင်သည်။ သူမကြိုက်တက်သည့် ပစ္စည်းနှင့် အစားအသောက်များကို ထုတ်ပိုးနေချိန်တွင် လျူဇီယွမ်ဆီမှ ဖုန်းဝင်လာခဲ့သည်။
"ဆရာ သတင်းကြည့်ပြီးပြီလား?"

"ငါမင်းကို ခရီးထွက်မယ်လို့ ပြောထားတယ်မလား။ အလုပ်ကိစ္စတွေကို ငါပြန်လာမှ ပြောစမ်းပါကွာ"

"အလုပ်ကိစ္စမဟုတ်ဘူး"
လျူဇီယွမ်က ချီတုံချတုံဖြစ်နေသည်။

"ဘာပဲ​ဖြစ်ဖြစ် ပြန်လာမှပြောလို့ မရဘူးလား။ ငါအခုလေဆိပ်ကို သွားတော့မှာ။ မဟုတ်ရင်လည်း ဟိုဘက်မြို့ကိုရောက်မှ မင်းကိုဖုန်းပြန်ခေါ်လိုက်မယ်။ အဲ့ဒီအချိန်မှပြော"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now