114

3.2K 414 10
                                    

Unicode Ver

၁၁၄။ ဘာမှမမြင်ဘူး

ရှုချင်းရီက တစ်ကိုယ်လုံး စိုရွှဲသွားကာမှ ပြန်လာသည်။ မနက်တုန်းက မော့ဟန်ဝတ်ခိုင်းထားသည့် အပေါ်ထပ်ကိုချွတ်၍ လက်တွင်ကိုင်လာသည်။ ရေစိုနေသည့် သူမ၏လက်တစ်လုံးဂါဝန်လေးမှာ သူမကိုယ်ကောက်ကြောင်းကို ထင်းနေစေသည်။

မော့ဟန်၏မျက်နှာမှာ ထပ်ပြီးမည်းသည်းသွားသည်။ မော့ဟန်၏မျက်နှာထားကို သတိမထားမိသည့် ရှုချင်းရီမှာ ပြုံးရွှင်စွာဖြင့် မော့ဟန်၏ဘေးတွင် ဝင်လှဲလိုက်သည်။

"သက်တောင့်သက်သာရှိလိုက်တာမှ"

မောပန်းလာသည့် ရှုချင်းရီမှာ အသက်တဝကြီးရှုနေသောကြောင့် သူမ၏ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

မော့ဟန်က သူမအား တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲသွားကာ သူ့အနားကာ ဂျာကင်ကို သူမအား ပစ်ပေးလိုက်သည်။

"ဘာလဲ?"

"ငါဘာပြောထားလဲ?"

"ကိုကြီး ဘာပြောချင်တာလဲလို့?"
ရှုချင်းရီက ခေါင်းထောင်လာကာ နေကာမျက်မှန်ကြီးနှင့် မော့ဟန်အား ကြည့်ကာမေးသည်။

"ငါအပေါ်ထပ်ဝတ်ခိုင်းထားကို ဘာဖြစ်လို့ မကြားသလိုလုပ်နေတာလဲ?"

"ဝတ်ပဲထားခိုင်းတာလေ။ အမြဲတမ်း ဝတ်ခိုင်းတာမှ မဟုတ်တာ"

ရှုချင်းရီက ခေါင်းမာစွာဖြင့်
"ကိုကြီးက ညီမလေးရဲ့ အဝတ်အစားအထိ လိုက်ချုပ်ချယ်. . ."

"ထပ်ပြောရဲပြောကြည့်။ မင်းဗီဒိုထဲက ပုခုံးပေါ်တဲ့အဝတ်တွေအကုန် ငါလွှတ်ပစ်လိုက်မယ်"
မော့ဟန်က စကားကိုဖြတ်ကာပြောသည်။

ရှုချင်းရီက ငြိမ်နေလိုက်သည်။ သူ့အားဘာပဲသွားပြောပြော နောက်ဆုံးမှာ နစ်နာမည့်သူက သူမဖြစ်နေသည်လေ။

ထိုအချိန်မှာပဲ မော့ဟန်က နေကာမျက်မှန်ချွတ်ပြီး ထလိုက်သည်။ ထို့နောက် အကျီချွတ်လိုက်ကာ ရှုချင်းရီ၏အနားသို့ ပစ်ချလိုက်သည်။

ရှုချင်းရီမှာ မော့ဟန်၏ကိုယ်ပေါ်က ကြွက်သားအပြိုင်းပြိုင်းကို မြင်လိုက်သည့်အခါ မျက်လုံးပြုးသွားသည်။ မော့ဟန်မှာ ဒီလိုကြည့်ကောင်းသည့် ခန္ဓာကိုယ်ရှိကြောင်းကို သူမမသိခဲ့ပေ။
'ရုံးမှာပဲ တစ်နေကုန် ထိုင်အလုပ်လုပ်နေတာမလား? အမြဲတမ်း အလုပ်ရှုပ်နေတာမလား? အားကစားလုပ်ချိန် ဘယ်တုန်းက ရှိသွားတာလဲ? ဒီကြွက်သားတွေက ဘယ်လိုလုပ်ထွက်လာတာလဲ? '

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now